ဘာသာပြန်
ဗဒင်
ⓛⓝⓣⓡⓞ 1 : 12
Uploader Aye Kyaw
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🥁 🎶 🎵
တိမ်စိုင်တွေရယ် မြူတွေရယ်
နှင်းထုရဲ့ မနက်ခင်းရယ်
သဲသဲကွဲကွဲမရှိတဲ့ ပုံရိပ်များရယ်
လိမ္မော်ရာသီ တောင်ပေါ်မှာ
လမ်းကျဉ်းငယ်ကလေးများ လျှောက်ရသလို
အကြင်နာလမ်းဟာ ရီဝေဝါးနေတယ်
မရေရာဘူး
အမူအရာတွေများစွာ ဘာသာပြန်ကြည့်လည်း
အတွေးများဟာ အမြဲတမ်း ဝေဝါးနေတယ်
သေချာတာတစ်ခုက ကြည်ဖြူစွာနဲ့
တို့ကချစ်တယ် ဒါပါပဲ
အချစ်လမ်းကလေးထဲ လျှောက်နေရဦးမယ်
🎶 🥁 🎶
ရေတံခွန်တွေရယ် အော်မြည်ကာ
ပြင်းပြစွာ ရိုက်ခတ်စဉ်
လျှို့ဝှက်ချက်နဲ့ပြည့်တဲ့ ရေတွက်ရာ
ရေဆန်ကိုလှန် ရှာဖွေစဉ်
ချောင်းဖျားခံ အစပြုစီးဆင်းရာ
နေရာမျိုးဟာ အကြင်နာစတင်ရာ
ညိုမျက်ဝန်းလို
အခြေအနေတွေ တိုင်းကို
ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းများအပြည့်နဲ့ ဒွိဟတွေရယ်
ကြင်နာသူအကြည့်တွေ ဘာသာပြန်ဖို့
အခုထက်ထိတိုင် မလွယ်ကူတော့
အချစ်လမ်းနံဘေးက
အလွမ်းရွာရောက်ခဲ့ပြီ
ရောက်ရှိခဲ့တဲ့ အလွမ်းရွာမှာ
ဆွေးဆွေးမြေ့မြေ့ ကိုယ့်အိမ်ရယ်
ခြောက်ခြောက်ကပ်ကပ် နေ့တွေအလယ်
ဆုံးခြင်းမဲ့တဲ့ ဘာသာပြန်ရယ်
မငိုချင်ဘူးကွယ်.....
🎷SourceⓜⓤⓢⓘⓒInternet🎷
ရေတံခွန်တွေရယ် အော်မြည်ကာ
ပြင်းပြစွာ ရိုက်ခတ်စဉ်
လျှို့ဝှက်ချက်နဲ့ပြည့်တဲ့ ရေတွက်ရာ
ရေဆန်ကိုလှန် ရှာဖွေစဉ်
ချောင်းဖျားခံ အစပြုစီးဆင်းရာ
နေရာမျိုးဟာ အကြင်နာစတင်ရာ
ညိုမျက်ဝန်းလို
အခြေအနေတွေတိုင်းကို
ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းများအပြည့်နဲ့ ဒွိဟတွေရယ်
ကြင်နာသူအကြည့်တွေ ဘာသာပြန်ဖို့
အခုထက်ထိတိုင် မလွယ်ကူတော့
အချစ်လမ်းနံဘေးက
အလွမ်းရွာရောက်ခဲ့ပြီ
ရောက်ရှိခဲ့တဲ့ အလွမ်းရွာမှာ
ဆွေးဆွေးမြေ့မြေ့ ကိုယ့်အိမ်ရယ်
ခြောက်ခြောက်ကပ်ကပ် နေ့တွေအလယ်
ဆုံးခြင်းမဲ့တဲ့ ဘာသာပြန်ရယ်
မငိုချင်ဘူးကွယ်
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🥁 🎶 🎵
By👦AyeKyaw🌿greentiger