menu-iconlogo
huatong
huatong
--cover-image

သိပ်ချစ်တာပဲ

ဗဒင်huatong
🇲🇲ⓝⓨⓔⓘⓝ🇲🇲🤗🤗huatong
Lyrics
Recordings
သိပ်ချစ်တာပဲ

ဆို ဗဒင်

M U S I C

မြင်တယ်အိမ်မက်ထဲလည်း

မြင်တယ်

စိတ်ကူးထဲလည်းမြင်တယ်

အကြင်နာရဆုံးရယ်

ကိုယ်ဘဝဘယ်ရောက်နေနေ

အမြဲတမ်းကိုယ်တွေ့ပါတယ်

အတွယ်တာရဆုံးရယ်

ရေဆာသလို ဆာလောင်တယ်

ငတ်မွတ်တဲ့နှလုံးသားထဲ

ကျောက်စက်ရေ အေးအေးလေး

ကြင်နာသူမင်းကို

သိပ်ချစ်တယ် ဒီက​ ငါ...

ဒီကတော့ချစ် မေတ္တာတွေ

တစ်သက်တာ ပုံအပ်ရင်းနဲ့

သိပ်ချစ်တယ် ဒီက​ ဒီက

သိပ်ချစ်တာပဲ

သိပ်ချစ်တာပဲ​ အချစ်ဆုံးကြီးရေ

M U S I C

သော်တာလမင်းလေးက​ ဘယ်မှာ

ချစ်ခြင်းအလင်းရောင် ဘယ်မှာ

သာနေပါသလဲ

ကိုယ့်ဘဝဟာမဲမှောင်

အရိပ်မဲ့တဲ့ညတွေ

ကံကြမ္မာတိမ်တိုက်တွေ

ဘယ်လိုပင်​ ဖုံးလွမ်းလဲ

ပွင့်လင်းတဲ့​ လပြည့်တစ်ည

ရောက်ရောက်လေ နိုးနိုးနဲ့

ကြင်နာသူမင်းကို

သိပ်ချစ်တယ် ဒီက

ဒီကတော့ချစ် မေတ္တာတွေ

တစ်သက်တာ ပုံအပ်ရင်းနဲ့

သိပ်ချစ်တယ် ဒီက​ ဒီက

သိပ်ချစ်တာပဲ

သိပ်ချစ်တာပဲ​ အချစ်ဆုံးကြီးရေ

M U S I C

ယုံပါ အလွမ်းညတို့ တာရှည်

အလွမ်းနေ့တွေတာရှည်

ရာသီတွေတိုင်း

စက္ကန့်တွေနောက်ပြန်

မိနစ်တွေတန့် နေ

နာရီပျက်တစ်လုံးလို

မမြင်နိုင်တဲ့ကြိုးနဲ့

အတိတ်ကနေ

ယနေ့ထက်ထိ

ညို့ ဆွဲယူထားခဲ့တဲ့

ကြင်နာသူမင်းကို

သိပ်ချစ်တယ် ဒီက

ဒီကတော့ချစ် မေတ္တာတွေ

တစ်သက်တာ ပုံအပ်ရင်းနဲ့

သိပ်ချစ်တယ် ဒီက​ ဒီက

သိပ်ချစ်တာပဲ

သိပ်ချစ်တာပဲ​ အချစ်ဆုံးကြီးရေ

ကျေးဇူးတင်ပါသည် ငြိမ်း

More From ဗဒင်

See alllogo