အရာရာမင်း (ဗဒင်)
xxx Intro xxx
တောင့်တတဲ့စိတ်နဲ့
မွတ်သိပ်တဲ့ အနမ်းနဲ့
စောစောစီးစီး နိုးနိုးနေပြီး
ကားလိုင်းတွေ ပြေးခါစ
ကားမှတ်တိုင်ရောက်နေတဲ့
ကိုယ့်ရဲ့အဖြစ်က
မင်းရဲ့အချစ်နဲ့ သက်ဆိုင်ပါတယ်
မင်းမရှိတဲ့အဖြစ်က
ဇာတ်ပျက်တဲ့ညနဲ့
ထူးထူးခြားခြား မရှိလှပါဘူး
အိပ်ဆေးတွေသောက်ပေမယ့်
အိပ်စက်ချင်းကို မရနိုင်တဲ့
ကိုယ့်ရဲ့အဖြစ်က
မင်းရဲ့အချစ်နဲ့ သက်ဆိုင်ပါတယ်
ကိုယ့်ဘ၀ကို ပြောင်းလဲမယ့်သူ
ဒီကမ္ဘာမှာသေချာတယ်မင်းပဲ
နေ့ညတွေ အကုန်လုံး
စိုးမိုးပြီးခြယ်လှယ်နေတာ မင်းပဲ
အကောင်းဆုံးတွေ လာမလား
အဆိုးဆုံးတွေ လာမလား
သေချာတယ်အရာရာမင်းလေးပဲ
M U S I C
တောင့်တတဲ့စိတ်နဲ့
မွတ်သိပ်တဲ့ အနမ်းနဲ့
စောစောစီးစီး နိုးနိုးနေပြီး
ကားလိုင်းတွေ ပြေးခါစ
ကားမှတ်တိုင်ရောက်နေတဲ့
ကိုယ့်ရဲ့အဖြစ်က
မင်းရဲ့အချစ်နဲ့ သက်ဆိုင်ပါတယ်
ခါးသီးတဲ့အလွမ်းနဲ့
ခါးသီးတဲ့အရက်က
ရောရောထွေးထွေးရှိခဲ့ပြီမို့
မိုးရွာထဲမှာလမ်းလျှောက်ပြီး
လောကကြီးကိုမေ့နေတဲ့
ကိုယ့်ရဲ့အဖြစ်က
မင်းရဲ့အချစ်နဲ့ သက်ဆိုင်ပါတယ်
ကိုယ့်ဘ၀ကို ပြောင်းလဲမယ့်သူ
ဒီကမ္ဘာမှာသေချာတယ်မင်းပဲ
နေ့ညတွေ အကုန်လုံး
စိုးမိုးပြီးခြယ်လှယ်နေတာ မင်းပဲ
အကောင်းဆုံးတွေ လာမလား
အဆိုးဆုံးတွေ လာမလား
သေချာတယ်အရာရာမင်းလေးပဲ
music
မင်းမရှိတဲ့အဖြစ်က
ဇာတ်ပျက်တဲ့ညနဲ့
ထူးထူးခြားခြား မရှိလှပါဘူး
အိပ်ဆေးတွေသောက်ပေမယ့်
အိပ်စက်ချင်းကို မရနိုင်တဲ့
ကိုယ့်ရဲ့အဖြစ်က
မင်းရဲ့အချစ်နဲ့ သက်ဆိုင်ပါတယ်
ခါးသီးတဲ့အလွမ်းနဲ့
ခါးသီးတဲ့အရက်က
ရောရောထွေးထွေးရှိခဲ့ပြီမို့
မိုးရွာထဲမှာလမ်းလျှောက်နေရင်း
လောကကြီးကိုမေ့နေတဲ့
ကိုယ့်ရဲ့အဖြစ်က
မင်းရဲ့အချစ်နဲ့ သက်ဆိုင်ပါတယ်
ကိုယ့်ဘ၀ကို ပြောင်းလဲမယ့်သူ
ဒီကမ္ဘာမှာသေချာတယ်မင်းပဲ
နေ့ညတွေ အကုန်လုံး
စိုးမိုးပြီးခြယ်လှယ်နေတာ မင်းပဲ
အကောင်းဆုံးတွေ လာမလား
အဆိုးဆုံးတွေ လာမလား
သေချာတယ်အရာရာမင်းလေးပဲ
ကျေးဇူးတင်ပါတယ်
ရဲနိုင်