menu-iconlogo
huatong
huatong
avatar

မောင်ဝင်းရဲ့နှင်းမြ

မင်းစည်သူ/ဝင်းသူအောင်huatong
☠×͜͡Witcḣ☠࿎🅓🅔ᵛⁱʟhuatong
Lyrics
Recordings
မောင်ဝင်းရဲ့နှင်းမြ

တေးဆို - မင်းစည်သူ & ဝင်းသူအောင်

အသက်ပေးပြီး ချစ်ခဲ့တဲ့

ဇာတ်လမ်းကလေးရှိပါတယ်

ပုံပြင်လို့တော့ မမှတ်ပါနဲ့

ဟိုတုန်းက ရိုသားပြီး

အချစ်ကြီးသူ လူတစ်ယောက်ရယ်

သူမြတ်နိုးတဲ့ နှင်းမြလေးရယ်

မောင်ဝင်းလို့ အများကသိတာသူ့နာမည်ပေါ့ကွယ်

အို တစ်ကောင်ကြွက်မို့မျက်နှာငယ်

သူချစ်တဲ့ နှင်းမြလေးကို မျက်နှာမငယ်ဖို့ကွယ်

လူတကာခိုင်းသမျှအလုပ်ကိုလုပ်တယ်

သူမသိတဲ့မျက်ကွယ်ရာမှာ

ကြင်သူနဲ့ ဝေး....ဝေးရတော့မှာ

ကြင်သူ မနှင်းမြ လှည့်စားလှည့်ဖြားမှန်းမသိ

ရင်နာပါသည်.......

မောင်ဝင်း အသည်းကဲပြီလေဗျာ

မမျှော်လင့်ပဲ ထားခဲ့တဲ့အခါ

ကြင်သူ မနှင်းမြ ပြန်လာမဲ့လမ်းလေးမှာ

သူမျှော်နေရှာ......

အချိန်တွေ နှောင်းလို့ နှောင်းမှန်းမသိ

နှစ်တွေ ပြောင်းလို့ ပြောင်းမှန်းမသိ

မယုံနိုင်အောင် တကယ်ပဲ မေတ္တာကြီးသည်

တကယ်အမှန်စစ်တဲ့ အချစ်စစ်က

အို ဘယ်လောက်ဝေးဝေး မပြောင်းလဲသွား

ကမ္ဘာအိုတောင် မပျက်တဲ့ သစ္စာတရားဟာ....

မောင်ဝင်းအုတ်ဂူလေးထဲမှာ

ကိန်းအောင်းနေဆဲပါ.....

အသက်ပေးပြီး ချစ်ခဲ့တဲ့

ဇာတ်လမ်းကလေးရှိပါတယ်

ပုံပြင်လို့တော့ မမှတ်ပါနဲ့

ဟိုတုန်းက ရိုသားပြီး

အချစ်ကြီးသူ လူတစ်ယောက်ရယ်

သူမြတ်နိုးတဲ့ နှင်းမြလေးရယ်

မောင်ဝင်းလို့ အများကသိတာသူ့နာမည်ပေါ့ကွယ်

အို တစ်ကောင်ကြွက်မို့မျက်နှာငယ်

သူချစ်တဲ့ နှင်းမြလေးကို မျက်နှာမငယ်ဖို့ကွယ်

လူတကာခိုင်းသမျှအလုပ်ကိုလုပ်တယ်

သူမသိတဲ့မျက်ကွယ်ရာမှာ

ကြင်သူနဲ့ ဝေး....ဝေးရတော့မှာ

ကြင်သူ မနှင်းမြ လှည့်ဖြားလှည့်စားမှန်းမသိ

ရင်နာပါသည်.......

မောင်ဝင်း အသည်းကဲပြီလေဗျာ

မမျှော်လင့်ပဲ ထားခဲ့တဲ့အခါ

ကြင်သူ မနှင်းမြ ပြန်လာမဲ့လမ်းလေးမှာ

သူမျှော်နေရှာ......

အချိန်တွေ နှောင်းလို့ နှောင်းမှန်းမသိ

နှစ်တွေ ပြောင်းလို့ ပြောင်းမှန်းမသိ

မယုံနိုင်အောင် တကယ်ပဲ မေတ္တာကြီးသည်

တကယ်အမှန်စစ်တဲ့ အချစ်စစ်က

အို ဘယ်လောက်ဝေးဝေး မပြောင်းလဲသွား

ကမ္ဘာအိုတောင် မပျက်တဲ့ သစ္စာတရားဟာ....

မောင်ဝင်းအုတ်ဂူလေးထဲမှာ

ကိန်းအောင်းနေဆဲပါ.....

Thank?

More From မင်းစည်သူ/ဝင်းသူအောင်

See alllogo