menu-iconlogo
huatong
huatong
avatar

ဖြစ်ရပ်မှန်

မင်းစည်သူhuatong
☠×͜͡Witcḣ☠࿎🅓🅔ᵛⁱʟhuatong
Lyrics
Recordings
ဖြစ်ရပ်မှန်

ဆို -မင်းစည်သူ

ပုံပြင်လေး တစ်ပုဒ်ပြောပြတော့မယ်

နားစိုက်ပေးစေချင်တယ်

ဟိုးရှေးရှေးတုန်းက

နယ်မြို့လေးတစ်ခုမှာပေ့ါကွယ်

အလွန်ကိုအရမ်းသိပ်ချစ်တဲ့

ချစ်သူနှစ်ဦးလည်း ရှိပါလေတယ်

တစ်ဦးနဲ့တစ်ဦးရဲ့သစ္စာခိုင်မြဲကြလေတယ်

ပုံပြင်လေးကမစရသေးခင်၀မ်းနည်းရပါလေတယ်

အတူပေါင်းဖက်ရမဲ့နေ့မှာဝေးကြရပြီကွယ်

ဘာ့ကြောင့်လဲမမေးနဲ့တော့ကွယ်

အဆုံးသတ်မလှတာသေချာတယ်

ကံကြမ္မာရယ်တကယ်လုပ်ရက်လိုက်တာကွယ်

ချစ်တိုင်းလည်းမညားရှေးဆိုစကား...

တကယ်ချစ်တဲ့သူတွေအဖို့မှာ

ရူးသွားမတတ်ခံစားရတာပါ...ဟာ..

အချစ်စစ်မှမျက်ရည်ကျ ခံစားဖူးရင်ပိုသိမှာ

အချစ်ဦးမို့ ရူးရင်တောင်မမေ့ပါ

ပုံပြင်လေး...က အဆုံးသတ်တော့မယ်

နားစိုက်ပေးစေချင်တယ်

သူသိပ်...ချစ်တဲ့သူ့ချစ်သူလေးရဲ့

အုတ်ဂူနံဘေး၀ယ်

ငွေလမင်းကြီးဝင်းပတဲ့အခါ

အလွမ်းများသက်သေတည်ကာ

ရွှေမင်းသမီးလေးနဲ့တစ်ခေါက်

ပြန်တွေ့ခွင့်လေးဆုတောင်းကာ...

ပြန်မလာမှန်းလည်းသိရက်နဲ့

မျှော်လင့်ချက်ကြီးနေသူကွယ်

ပုံပြင်(သို့မဟုတ်)တကယ့်ဖြစ်ရပ်မှန်

၀မ်းနည်းခြင်းတွေနဲ့...

ဘာ့ကြောင့်လဲမမေးနဲ့တော့ကွယ်

အဆုံးသတ်မလှတာသေချာတယ်

ကံကြမ္မာရယ်တကယ်လုပ်ရက်လိုက်တာကွယ်

ချစ်တိုင်းလည်းမညားရှေးဆိုစကား...

တကယ်ချစ်တဲ့သူတွေအဖို့မှာ

ရူးသွားမတတ်ခံစားရတာပါ...

အချစ်စစ်မှမျက်ရည်ကျ ခံစားဖူးရင်ပိုသိမှာ

အချစ်ဦးမို့ ရူးရင်တောင်မမေ့ပါ

ချစ်တိုင်းလည်းမညားရှေးဆိုစကား...

တကယ်ချစ်တဲ့သူတွေအဖို့မှာ

ရူးသွားမတတ်ခံစားရတာပါ...

အချစ်စစ်မှမျက်ရည်ကျ ခံစားဖူးရင်ပိုသိမှာ

အချစ်ဦးမို့ ရူးရင်တောင်မမေ့ပါ

Thank ?

More From မင်းစည်သူ

See alllogo