သီချင်း - ချစ်မိနေတော့ခက်တယ်
တေးဆို - မိဖူး
ငါတကယ် မွန်းကြပ်လို့နေတယ်
ငါ ဖွင့်ပြောပြလိုက်ချင်လဲ
နင်လေ မုန်းလို့သွားမှာစိုးတယ်
မမျှော်လင့်ပဲနဲ့ ရောက်လာတယ်
ငါ့နှလုံးသား အသိဉာဏ်ထဲ
နင်သာ ပြည့်နှက်လို့ နေခဲ့တယ်
သူငယ်ချင်းထက်မကတဲ့ အချစ်တို့
နင့်အပေါ် ပိုနေခဲ့မိတယ်
ငါတကယ်ချစ်တာ သိရင်
မုန်းမှာလဲစိုးတယ်
အရောင်တွေဆိုးခဲ့မိတဲ့
ငါ့ရဲ့အပြစ်ပါ ဒါတွေငါသိတယ်
အခါခါ မချစ်မိသွားအောင်
ငါ့ကိုယ်ငါထိန်းလည်း
ချစ်မိနေတော့ခက်တယ်
ဖွင့်ပြောခွင့် မရှိမှန်းသိတယ်
ငါလေ နင့်ရှေ့ရောက်ရင်လဲ
အရင်လို ငါ့ရဲ့စိတ်တွေမတည်ငြိမ်တော့ပဲ
သတိမရအောင်လဲ ထိန်းတယ်
ခဏခဏ ငါလွမ်းတတ်တယ်
ဘာမှပြောခွင့် မရှိတော့လဲ
သူငယ်ချင်းလေးအဖြစ်နဲ့
အရင်လို နေပေးမယ်
နင်လှောင်နေမလားလဲ စိုးရိမ်တယ်
ငါဖွင့်ပြောပြလိုက်ရင်လဲ
နင်လေ မုန်းလို့သွားမှာကြောက်တယ်
သူငယ်ချင်းထက်မကတဲ့ အချစ်တို့
နင့်အပေါ် ပိုနေခဲ့မိတယ်
ငါတကယ်ချစ်တာသိရင် မုန်းမှာလဲစိုးတယ်
အရောင်တွေဆိုးခဲ့မိတဲ့
ငါ့ရဲ့အပြစ်ပါ ဒါတွေငါသိတယ်
အခါခါ မချစ်မိသွားအောင်
ငါ့ကိုယ်ငါထိန်းလဲ
ချစ်မိနေတော့ခက်တယ်
ဖွင့်ပြောခွင့် မရှိမှန်းသိတယ်
ငါလေ နင့်ရှေ့ရောက်ရင်လဲ
အရင်လို ငါ့ရဲ့စိတ်တွေမတည်ငြိမ်တော့ပဲ
သတိမရအောင်လဲ ထိန်းတယ်
ခဏခဏ ငါလွမ်းတတ်တယ်
ဘာမှပြောခွင့် မရှိတော့လဲ
သူငယ်ချင်းလေးအဖြစ်နဲ့
ချစ်မိနေတော့ခက်တယ်
ဖွင့်ပြောခွင့် မရှိမှန်းသိတယ်
ငါလေ နင့်ရှေ့ရောက်ရင်လဲ
အရင်လို ငါ့ရဲ့စိတ်တွေမတည်ငြိမ်တော့ပဲ
သတိမရအောင်လဲ ထိန်းတယ်
ခဏခဏ ငါလွမ်းတတ်တယ်
ဘာမှပြောခွင့် မရှိတော့လဲ
သူငယ်ချင်းလေးအဖြစ်နဲ့
အရင်လို နေပေးမယ်
ဘာမှပြောခွင့် မရှိပေမယ့်လည်း
ချစ်မိနေတော့ခက်တယ်