ငါချစ်တာမင်း .. မင်းချစ်တော့ သူပေါ့
ငါမငိုဘူး ချစ်သူရာ
မင်းအတွက်ဆို အမြဲအရှုံးပေးပြီးသားပါ
မင်းဘက် ဘယ်သူမှ မရှိတဲ့အခါ
သတိတော့ ရပါကွာ
ကြာရင်မေ့လို့သွား မှာပါ
နှစ်သိမ့်နေကြ စကား
ကမ္ဘာကြီးရဲ့တစ်ဖက် ငါမရှိတဲ့အရပ်မှာ
မင်း အဆင်ပြေရဲ့လား
မခံစားနိုင်ဘူး သိလား
အချစ်မဲ့ နေ့စွဲများ
အလွမ်းတို့အပြည့်နဲ့ နှလုံးသားထဲမှာ
မင်းကိုလိုအပ်တာ (ဟို)
ဟိုး အမြင့်ထက်က မင်းကို
အဝေးက ငေးရုံသာ
အရင်လိုရှိနေခွင့်တွေ တစ်ခေါက်ပြန်ရရင်
ဘဝမှာ သေပျော်မှာ
ငါချစ်တာမင်း .. မင်းချစ်တော့ သူပေါ့
ငါမငိုဘူး ချစ်သူရာ
မင်းအနားမှာရှိဖို့အတွက် အမြဲကြိုးစားမှာ
နှလုံးသားကို မင်းနင်းစရာ
ဖိနပ်အဖြစ် ထားပါ
ငါချစ်တာမင်း .. မင်းချစ်တော့ သူပေါ့
ငါမနာကျည်းရက် သူပါ
မင်းအတွက်ဆို အမြဲအရှုံးပေးပြီးသားပါ
မင်းဘက် ဘယ်သူမှ မရှိတဲ့အခါ
သတိတော့ ရပါကွာ
လိုအပ်တိုင်းငါ ရှိမှာပါ
မင်းအတွက် အဆင်သင့်ပါ
ဒီလောကကြီးရဲ့ အဝေးဆုံးတစ်ဖက်မှာ
စောင့်မျှော်နေဆဲပါ
မခံစားနိုင်ဘူး သိလား
အချစ်မဲ့ နေ့စွဲများ
အလွမ်းတို့အပြည့်နဲ့
နှလုံးသားထဲမှာ
မင်းကိုလိုအပ်တာ (ဟို)
ဟိုး.. အမြင့်ထက်က မင်းကို
အဝေးက ငေးရုံသာ
အရင်လိုရှိနေခွင့်တွေ တစ်ခေါက်ပြန်ရရင်
ဘဝမှာ သေပျော်မှာ .. ဟိုး
ငါချစ်တာမင်း .. မင်းချစ်တော့ သူပေါ့
ငါမငိုဘူး ချစ်သူရာ
မင်းအနားမှာ ရှိဖို့အတွက် အမြဲကြိုးစားမှာ
နှလုံးသားကို မင်းနင်းစရာ
ဖိနပ်အဖြစ် ထားပါ
ငါချစ်တာမင်း .. မင်းချစ်တော့ သူပေါ့
ငါမငိုဘူး ချစ်သူရာ
မင်းအနားမှာ ရှိဖို့အတွက် အမြဲကြိုးစားမှာ
နှလုံးသားကို မင်းနင်းစရာ
ဖိနပ်အဖြစ် ထားပါ
ငါချစ်တာမင်း .. မင်းချစ်တော့ သူပေါ့
ငါမနာကျည်းရက်သူပါ
မင်းအတွက်ဆို အမြဲအရှုံးပေးပြီးသားပါ
မင်းဘက် ဘယ်သူမှ မရှိတဲ့အခါ
သတိတော့ ရပါကွာ (ငါချစ်တာမင်း)
ဟာ ..ဟာ ..
မင်းချစ်တော့ သူပေါ့
ဘယ်သူမှ မရှိတဲ့အခါ သတိတော့ ရပါကွာ