menu-iconlogo
huatong
huatong
avatar

အကြိမ်ကြိမ်

ယွန်းမြတ်သူhuatong
easy2crackhuatong
Lyrics
Recordings
အရာရာအားလုံး ငါမှားတယ်

အချိန်တွေအားလုံး ငါဖြုန်းခဲ့

အရောင်တွေလာ ဆိုးသွားခဲ့တယ်

အချစ်တုတစ်ခုနဲ့ အလည်ရောက်လာခဲ့

ကိုယ်ဟာ အတ္တသိပ်ကြီးတယ်

ကိုယ်ဟာ မင်းတစ်ယောက်အတွက်ထဲနဲ့

အရာရာကို ကျောခိုင်းခဲ့တယ်

ရလဒ်ကတော့ နောင်တတွေပဲ..

အကြိမ်ကြိမ်နေနိုင်အောင်ကြိုးစားခဲ့ပါတယ်

ဒီဒဏ်ရာတွေကိုမေ့ဖျောက်ဘူးပါတယ်

အို...ဒီလိုငါနှစ်သိမ့်ရင်းနဲ့ပဲ

အရင်အချိန်တွေတဖြည်းဖြည်းပိုလွမ်းတယ်

ခံနိုင်ရည်ကုန်အောင် ချစ်ခဲ့ဖူးပါတယ်

သူပျော်ပါစေ ဆုတောင်းခဲ့ဖူးပါတယ်

အို ဒီလူဟာ မင်းအနားမရှိတော့တဲ့

အချိန်တွေကိုတဖြည်းဖြည်းပိုမုန်းတယ်

အချစ်ရယ်…

အို...ဝူ...အို...ဟိုး..

အို...ဝူ...အို...ဟို…

ကံကိုအပြစ်မဖို့ချင်ဘူးကွယ်

ဒါဟာ အချစ်ရဲ့ ဝဋ်ကြွေးပဲ

ဒီလိုငါ သတ်မှတ်လိုက်တယ်

ဝမ်းနည်းစိတ်နဲ့ တစ်ယောက်တည်း ခံစားမယ်

အကြိမ်ကြိမ်လဲကျခဲ့ဘူးတယ်

ပြန်ထူပေးဖို့ လူမရှိခဲ့

ဒဏ်ရာတွေ ပေးသွားခဲ့တယ်

အိပ်မက်ထဲတောင် နင်မရောက်လာခဲ့

အကြိမ်ကြိမ်နေနိုင်အောင်ကြိုးစားခဲ့ပါတယ်

ဒီဒဏ်ရာတွေကိုမေ့ဖျောက်ဘူးပါတယ်

အို...ဒီလိုငါနှစ်သိမ့်ရင်းနဲ့ပဲ

အရင်အချိန်တွေတဖြည်းဖြည်းပိုလွမ်းတယ်

ခံနိုင်ရည်ကုန်အောင် ချစ်ခဲ့ဖူးပါတယ်

သူပျော်ပါစေ ဆုတောင်းခဲ့ဖူးပါတယ်

အို ဒီလူဟာ မင်းအနား မရှိတော့တဲ့

အချိန်တွေကိုတဖြည်းဖြည်းပိုမုန်းတယ်

အချစ်ရယ်…

ပုံပြင်လေးလို

အိပ်မက်လေးလိုကွယ်ပျောက်သွားသူရယ် လွမ်းဆဲ

ရင်ခွင်ဟောင်းမှာ ဟိုအရင်ကလို

ခိုလှုံခွင့်တွေပေး..ဟေးရေး..

အကြိမ်ကြိမ်နေနိုင်အောင်ကြိုးစားခဲ့ပါတယ်

ဒီဒဏ်ရာတွေကိုမေ့ဖျောက်ဘူးပါတယ်

အို...ဒီလိုငါနှစ်သိမ့်ရင်းနဲ့ပဲ

အရင်အချိန်တွေတဖြည်းဖြည်းပိုလွမ်းတယ်

ခံနိုင်ရည်ကုန်အောင် ချစ်ခဲ့ဖူးပါတယ်

သူပျော်ပါစေ ဆုတောင်းခဲ့ဖူးပါတယ်

အို ဒီလူဟာ မင်းအနားမရှိတော့တဲ့

အချိန်တွေကိုတဖြည်းဖြည်းပိုမုန်းတယ်

အချစ်ရယ်…

More From ယွန်းမြတ်သူ

See alllogo