menu-iconlogo
huatong
huatong
avatar

ဓနမဲ့အချစ်ရဲ့လျှောက်ထားချက်

ရဲရင့်အောင်huatong
reh324huatong
Lyrics
Recordings
သီချင်း - ဓနမဲ့အချစ်ရဲ့လျှောက်ထားချက်

တေးဆို - မာရဇ္ဇ

ပင်လယ်ပြာကြီးလောက်ချစ်သတဲ့ကွယ်

ငါယုံအောင်ပြောတဲ့ စကားတွေလား

မပိုင်ဆိုင်မညီမျှတဲ့ ဘဝတစ်ခုကို

ဖြေသာအောင် နှစ်သိမ့်ထားတာလား

လူတွင်ကျယ် လောကကြီးထဲမှာ

တူယှဉ်ကာ တွဲဖို့ခက်နေလား

ငါငိုတာ ရှေ့ဆက်မကြည့်ရက်ရင်

သေချာအောင် ချစ်ခွင့်ပေးပါလား

သြော်.... မေတ္တာတရားနဲ့ အချစ်ရဲ့

အတိမ်အနက်ဟာ အချစ်ရေ

သစ္စာတရားများနဲ့ ချိန်စက်ပါ

ဒီလူကိုချစ်တယ် ဒီလူကိုမုန်းတယ်

သေချာအောင် ဆန်းစစ်ကြည့်ပါလား....

ပင်လယ်ပြာကြီးလောက် ချစ်သတဲ့ကွယ်

ငါယုံအောင်ပြောတဲ့ စကားတွေလား

မပိုင်ဆိုင်မညီမျှတဲ့ ဘဝတစ်ခုကို

သေချာအောင် ဆန်းစစ်ကြည့်တာလား....

သြော် ... မေတ္တာတရားနဲ့ အချစ်ရဲ့

အတိမ်အနက်ဟာ အချစ်ရေ

သစ္စာတရားများနဲ့ ချိန်စက်ပါ

ဒီလူကိုချစ်တယ် ဒီလူကိုမုန်းတယ်

သေချာအောင် ဆန်းစစ်ကြည့်ပါလား...

ပင်လယ်ပြာကြီးလောက်ချစ်သတဲ့ကွယ်

ငါယုံအောင်ပြောတဲ့ စကားတွေလား

မပိုင်ဆိုင်မညီမျှတဲ့ ဘဝတစ်ခုကို

ဖြေသာအောင် နှိမ့်သိမ့်ထားတာလား

လူတွင်ကျယ်လောကကြီးထဲမှာ

တူယှဉ်ကာတွဲဖို့ ခက်နေလား

ငါငိုတာရှေ့ဆက်မကြည့်ရက်ရင်

သေချာအောင် ချစ်ခွင့်ပေးပါလား....

More From ရဲရင့်အောင်

See alllogo