menu-iconlogo
huatong
huatong
avatar

လူနဲ့အင်္ကျီ

ရဲရင့်အောင်huatong
min112358huatong
Lyrics
Recordings
သီချင်း - လူနဲ့အင်္ကျီ

တေးဆို - ထူးအိမ်သင်

ကျွန်တော်ဟာ ငယ်စဉ်တုန်းက

အဖြူရောင် အင်္ကျီလေးကို

တကယ်စိတ်စွဲ နှစ်သက်စွာ

အမြဲတမ်း ဝတ်တတ်တယ်

အချိန်တွေ ကုန်လွန်ခဲ့တော့

ကျွန်တော်လည်း အရွယ်ရောက်ပြီ

ဖြူစင်လာသော အင်္ကျီလေး

ဝတ်ဖို့ ရှက်လာတယ်

လူရယ်ခေါ်နိုင်တဲ့အခါ

နာကျင်တတ်ပြီစိတ်မှာ

ပြန်လည် လျှော်ဖွတ်မရတော့ဘူး

ဘဝက ညစ်ပတ်တယ်

အမှန်ကို မမြင်နိုင်သေးတော့

ဒီအညစ်အကြေးတွေ စွန်းဆဲ

ဖြူစင်လာသော အင်္ကျီလေး

မင်းအတွက်အားနာတယ်

အင်္ကျီဖြုဖြူလေးရယ်

မင်းလောက်တို့ မသန့်စင်တယ်

စိတ်မှာဒီအညစ်အကြေးတွေ

ဆေးကြောလိုက်ချင်တယ်

လိပ်ပြာမလုံချင်ဘူးကွယ်

အဖြူရောင်မြင်ရင်

ရင်မှာ နာကျင်ခဲ့...

အင်္ကျီဖြုဖြူလေးရယ်

မင်းလောက်တို့ မသန့်စင်တယ်

စိတ်မှာဒီအညစ်အကြေးတွေ

ဆေးကြောလိုက်ချင်တယ်

လိပ်ပြာမလုံချင်ဘူးကွယ်

အဖြူရောင်မြင်ရင်

ရင်မှာ နာကျင်ခဲ့...

တစ်ခါတရံမြင်နိုင်လိမ့်မယ်

အဖြူရောင်အင်္ကျီအောက်မှာ

နာကျင် ညစ်ထေးစွန်းပေသော

ဘဝတစ်ခု ရှိနေတယ် ...

More From ရဲရင့်အောင်

See alllogo