menu-iconlogo
huatong
huatong
--cover-image

ငွေချစ်သူ

အာကာ/မိုးထက်huatong
తꀧతsaungతꀧతhuatong
Lyrics
Recordings
ငွေချစ်သူ

ဆို-အာကာ & မိုးထက်

Upload & SaungNya

*****************

A*မင်းတို့အသိုင်းအဝိုင်း စည်းချက်ထဲက

ငွေတံတိုင်းများခြားထား

ငါလိုကောင်က ငွေတံတိုင်းမပြောနဲ့

အုတ်တံတိုင်းတောင်မရှိပါ

B*ငါပိုင်ဆိုင်တာ နှလုံးသား တစ်ခုနဲ့

ဖြူစင်တဲ့မေတ္တာတရား

အရောင်ဆိုးတတ်တဲ့ ငွေကြေးတွေတော့

ငါမပိုင်ဆိုင်ပါကွာ..

A*နင်ပြောခဲ့သလိုပဲ ငါဟာရှုံးရမှာ

ငါသိလိုက်ပြီပေါ့ ငါဟာအရှုံးသမားပါ

ပျော်ရာကိုသွား အဆင်ပြေမယ်ဆိုသွားပါ

B*ငါ့အသက်သေလဲ နင်ဂရုမစိုက်ပါနဲ့

မင်းမိဘသဘောတူသူကို လက်ထပ်နိုင်တယ်

ငါ့အသက်သေရင်လဲ နင်လှည့်မကြည့်ပါနဲ့

မင်းမိဘပေးစားသူနဲ့ ယူလိုက်ပါကွယ်

ငွေချစ်သူရယ် ...

****************

SOLO

****************

B*အပေါင်းအသင်းတွေ ပြောတဲ့စကား

အခုတော့ အတည် မှန်ပါလားကွာ

အိုး မင်းချစ်သူက မင်းကိုချစ်တာမဟုတ်

ငွေသာချစ်သူပါ

A*အဲဒီစကား ငါမယုံကြည်မိလို့

အမှားကြီးခုမှမှား

အသဲကွဲဒါဏ်ရာတွေ တပွေ့တပိုက်ကြီးနဲ့

မင်းကထားခဲ့တာ

B*နင်ပြောခဲ့သလိုပဲ ငါဟာရှုံးရမှာ

ငါသိလိုက်ပြီပေါ့ ငါဟာအရှုံးသမားပါ

ပျော်ရာကိုသွား အဆင်ပြေမယ်ဆိုသွားပါ

A*ငါ့အသက်သေလဲ နင်လှည့်မကြည့်ပါနဲ့

မင်းမိဘသဘောတူသူကို လက်ထပ်နိုင်တယ်

ငါ့အသက်သေရင်လဲ နင်ဂရုမစိုက်ပါနဲ့

မင်းမိဘပေးစားသူနဲ့ ယူလိုက်ပါကွယ်

ငွေချစ်သူရယ် .. အို ဝိုး အိုး

B*တကယ်ချစ်တဲ့ နှလုံးသားလေးတော့

မီးလောင်ပြာကျပြီ

A*ဒီငွေတံတိုင်းတွေထဲ..

ငါ့ကိုအလိုမရှိကြမှန်း အခုမှသိတယ်

A+B*ငါ့အသက်သေရင်လဲ နင်ဂရုမစိုက်ပါနဲ့

မင်းမိဘပေးစားသူနဲ့ ယူလိုက်ပါကွယ်

ငွေချစ်သူရယ်.....

B*ဟူး ဝူ ဟူ

A*နင်ချစ်တဲ့ငွေပုံပေါ်မှာ ဆက်နေပါ ကွယ်

***************

ပျော်ရွှင်ချမ်းမြေ့ပါစေ

SaungNya

More From အာကာ/မိုးထက်

See alllogo