ပန်ချင်ဘူးကွယ့်ပန်းနီနီ
ရွှေရည်သိန်းတန်
တေးရေး~တွံတေးသိန်းတန်
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပိတုန်းမင်ရောင် လူး....
မယ့် ကေသာဦး....
ပန်မယ် မရည်စူး
ချစ်ဦးသူနဲ့ လွဲမှာစိုးလို့
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီမပေးနဲ့ကွယ် ပန်ချင်ပါဘူးချစ်ဦး
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပိတုန်းမင်ရောင် လူး....
မယ့် ကေသာဦး....
ပန်မယ် မရည်စူး
ချစ်ဦးသူနဲ့ လွဲမှာစိုးလို့
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီမပေးနဲ့ကွယ် ပန်ချင်ပါဘူးချစ်ဦး
ပန်းနီနီ ပြန့်ကြွေကြဲတဲ့
လမ်းနီနီ ဇာတ်လမ်းတစ်ပုဒ်တော့
ပြောမယ် ချစ်ဦး
အသက်မျှ ရည်စူး
ချစ်သူနှစ်ဦး ပြုံးပျော်တုန်းက
တိမ်တောက်တဲ့ အချိန်များမှာ
ကေသာဦးး
ပန်ဆင်ရန် ရည်စူး
ပန်းနီနီ တစ်ပွင့်တစ်ဖူး
ခူးဆွတ်၍ ပန်ပေးခဲ့ဖူး..
ဝါဆိုဦးက ဆောင်းဦးမရောက်ခင်
ကြင်သူတို့လွဲခဲ့ကြတာ မျက်မြင်ကြုံဖူး..
မောင်နဲ့တွေ့ရပြန်တော့လေ မြေနီနီ
ပန်းနီနီ တစ်ပွင့်တစ်ဖူး
မယ့် ကေသာဦးမှာ
ပန်စေချင်ပါနဲ့
ပန်းနီနီ တစ်ပွင့်တစ်ဖူး...
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပိတုန်းမင်ရောင် လူး....
မယ့် ကေသာဦး....
ပန်မယ် မရည်စူး
ချစ်ဦးသူနဲ့ လွဲမှာစိုးလို့
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီမပေးနဲ့ကွယ် ပန်ချင်ပါဘူးချစ်ဦး
ပန်းနီနီ ပြန့်ကြွေကြဲတဲ့
လမ်းနီနီ ဇာတ်လမ်းတစ်ပုဒ်တော့
ပြောမယ် ချစ်ဦး
အသက်မက ရည်စူး
ချစ်သူနှစ်ဦး ပြုံးပျော်တုန်းက
တိမ်တောက်တဲ့ အချိန်များမှာ
ကေသာဦး
ပန်ဆင်ရန် ရည်စူး
ပန်းနီနီ တစ်ပွင့်တစ်ဖူး
ခူးဆွတ်၍ ပန်ပေးခဲ့ဖူး....
ဝါဆိုဦးက ဆောင်းဦးမရောက်ခင်
ကြင်သူတို့လွဲခဲ့ကြတာ မျက်မြင်ကြုံဖူး..
မောင်နဲ့တွေ့ရပြန်တော့လေ မြေနီနီ
ပန်းနီနီ တစ်ပွင့်တစ်ဖူး
မယ့် ကေသာဦးမှာ
ပန်စေချင်ပါနဲ့
ပန်းနီနီ တစ်ပွင့်တစ်ဖူး.....
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပန်းနီနီ မပေးနဲ့ကွယ် ပန်ချင်ဘူး
ပိတုန်းမင်ရောင် လူး....
မယ့် ကေသာဦး....
ပန်မယ် မရည်စူး
ချစ်ဦးသူနဲ့ လွဲမှာစိုးလို့
ပန်းနီနီ မပေးနဲ့ကွယ်ပန်ချင်ဘူး
ပန်းနီနီမပေးနဲ့ကွယ် ပန်ချင်ပါဘူးချစ်ဦး