အကြောင်းအပေါင်းသင့်လာလို့
အပေါင်းအသင်းရယ်
ပြောပြချင်တယ်
ခေတ်ဆန်တာမှကြိုက်တယ်
မင်းစကားကို ဘ၀င်မကျလို့ရယ်....
ကိုယ့်ဘ၀ကို အသေအချာတွေး
တွေး တွေးလို့မှာချင်စမ်းတယ်
သူငယ်ချင်းရယ် ...
မင်းဘာလူမျိုးလဲလို့
မှန်ထောင်ကာ
အသေအချာကြည့်ဦးကွယ်...
အကြောင်းအပေါင်းသင့်လာလို့
အပေါင်းအသင်းရယ်
ပြောပြချင်တယ်
ခေတ်ဆန်တာမှကြိုက်တယ်
မင်းစကားကို ဘ၀င်မကျလို့ရယ်....
ကိုယ့်ဘ၀ကို အသေအချာတွေး
တွေး တွေးလို့မှာချင်စမ်းတယ်
သူငယ်ချင်းရယ် ...
မင်းဘယ်ရွာသားလဲလို့
မှန်ထောင်ကာ
အသေအချာကြည့်ဦးကွယ်...
ကြည့်တတ်ရင် မြင်ပါလိမ့်မယ်
ဘိုးဘွားအစဉ်အဆက်က
အမျိုးမြတ်တဲ့
မြန်မာ
ပီသလှတဲ့ ဂီတရဿ
အနုအလှကို
ချစ်ခင်မြတ်နိုးခဲ့တာ
ဒါတော့မင်းသိမှာပါကွယ်
ခုတော့ဖြင့် အခြေပြောင်း
အဟောင်းအကောင်းတွေ
အကြောင်း နှောင်းခဲ့လို့
မင်းမေ့ပြီထင်တယ်....
ကဲတို့ ရိုးရာ ဂီတကို
နားဆင်ကြည့်ပါသူငယ်ချင်းရယ်
နွားညီနောင် ရွှေခြူကုံးနဲ့
လူလုံးပြဟန်ရေးကြွယ်
ခြောက်စထောင် လည်းယဉ်ကြော့နဲ့
ပွဲဝင်တော့မယ်လေ တော့
နွားညီနောင် ရွှေခြူကုံးနဲ့
လူလုံးပြဟန်ရေးကြွယ်
ခြောက်စထောင် လည်းယဉ်ကြော့နဲ့
ပွဲဝင်တော့မယ်လေ တော့ ..
ဆံမြိတ်နွယ်အသာချ
လက္ပြအက်ႋပဒုမၼာ
သရက်ထည် ပွင့်ဝါရိုက်နဲ့
လိုက်ဖက်တဲ့
ခင်ပျိုမေကို ပွဲအ၀င် ခေါ်ပုံဆန်း
မှန်းကြည့်စမ်းကွယ်
မှန်းကြည့်စမ်းကွယ်..
ဒါတွေ မကဘူး သူငယ်ချင်းရယ်
ကဗျာဂီတ ရသ စာပေ
ရတု ရကန် အဲအံ သဒ္ဒါချင်း
ရှေးရှေးကဗုံရှည်မကျန်တယ်
ဗြောသံအိုးစည် ခုနှစ်ထွေဂီတ
မြိုင်ထစုံပါတယ်
ပတ်ပျိုး ကြိုးဘွဲ့ သီချင်းခံ
ယိုးဒယား တစ်မျိုးခြားနားကာ
ရုပ်စုံစင်တော်ကြီးရဲ့ မငြီးစရာ
နက်ရှိုင်းလှတဲ့
နှိုင်းမရစရာ ခက်ခဲလှတဲ့
အခြေခံစည်းနဲ့ဝါးအစ
မင်းမေ့ပြီထင်တယ်..
ကဗျာလွတ်ဂီတဆိုတာ
ဘ၀အခြေလွတ်စရာ
မင်းအတွက် ဂီတ
မဖြစ်ကောင်းပါဘူးကွယ်...
သိပ်ချစ်လို့ သူငယ်ချင်းရယ်
မင်းသိအောင် ငါပြောပြမယ်...
(စေတနာ သန့်သန့်နဲ့ပါ သူငယ်ချင်းရယ်)
တိုးတက်လာသမျှ
အမျိုးအတွက်သာပလို့
ငါလက်ခံပါတယ်....
သိပ်ချစ်လို့ သူငယ်ချင်းရယ်
မင်းသိအောင် ငါပြောပြမယ်...
(နားထောင်ကြည့်ပါအုံးသူငယ်ချင်းရယ်)
တိုးတက်လာသမျှ
အမျိုးအတွက်သာပလို့
ငါလက်ခံပါတယ်....
(ဒါပေမယ့်လေ)
မြန်မာဆိုရင် ငါးပိကို မမေ့နဲ့
စာပေမှာ ဗျည်းနဲ့သရတော့
သတိရပါဦးကွယ်...
ခေတ်တွေ ဘယ်လိုတိုးတက်
မျိုးဆက်မပြတ်အောင် သတိထားရင်
ကျေနပ်ပါတယ်
ဘ၀င်မကျလို့တင်ပြရတာ
နားဝင်စမ်းပါ သူငယ်ချင်းရေ
ထပ်ခါမှာချင်သေးတယ်
မင်းအမေ ...
ပါး ...
ပါးနှစ်ဖက်က သနပ်ခါးပါးကွက်ကို
တအားဖက်လို့ မွှေးတတ်ပါစေကွယ် .....
ကျေးဇူးတင်ပါတယ်
ရဲနိုင်