ကျွန်တော်နဲ့မီးပျိုင့်
✒️🎙️ဝေလ
ⓛⓝⓣⓡⓞ
🔴
မနက်အစောကြီးထလို့
ပန်းတွေကောက်
ဈေးဗန်းလေးနဲ့
လမ်းပေါ်လျှောက်
အမေ့ဆေးခန်းပြဖို့
ပိုက်ဆံစုရမယ်
ပန်းရောင်းကောင်း
ဖို့အတွက် ဆုတောင်း
🟡
ကောက်ညှင်းပေါင်းစားပြီး
ဈေးတွေရောင်း
အဖေ့အားဆေးလေးများ
ဈေးတွေကောင်း
အဖေကြိုက်တဲ့ကြေးအိုးလေး
ဝယ်ကျွေးဖို့ကွယ်
ပန်းရောင်းကောင်း
ဖို့အတွက် ဆုတောင်း
🟠
ကမ္ဘာကြီးထဲမှာ
အရာရာတိုင်း
တိုးတတ်ကြပါစေ
ဒီမီးပျိုင့်ဟောင်းကြီးတော့
ခဏ ကျန်စေချင်ပါတယ်
အဖေနဲ့အမေ့ လိုအင်
ဆန္ဒဖြည့်ရတဲ့အချိန်
အမှန်တွေကို
ခဏမျိုသိပ်ထားတယ်
🔴
ဟင်
မီးပျိုင့်ကြီးရယ်
နီလိုက်ဦး
အခုထိ ဈေးဦး
မပေါက်သေးလို့
မီးပျိုင့်ပျက်ရင်
ပိုပြီးရောင်းကောင်းလွန်းတယ်
ကျွန်တော်ဟာ
အတ္တကြီးတဲ့ ပန်သည်ဗျို့
🟢
မီးပျိုင့်ကြီးဟာ
ကျွန်တော့်အသည်းနှလုံး
ဟူး ကားများပိတ်ရင်
ပျော်လို့မဆုံး
မီးစိမ်းပြချိန် ခဏပဲ
သတ်မှတ်ပေးကွယ်
ကျွန်တော်ဟာ
တစ်ဖက်တည်းကြည့်တဲ့
ပန်းသည်ဗျို့
♪♪♪ ⓜⓤⓢⓘⓒ ♪♪♪
🟢
ကျောင်းသွားတော့မယ့်
ကျွန်တော့်ညီတစ်ယောက်
မုန့်ဟင်းခါးစားဖို့
သုံးရာလောက်တဲ့
စာများများတတ်ဖို့
ကျောင်းကိုသွားတော့ကွယ်
မင်းကငါ့ထက်အဖိုးတန်တယ်
🔴
ကမ္ဘာကြီးထဲမှာ
အရာရာတိုင်း
တိုးတတ်ကြပါစေ
ဒီမီးပျိုင့်ဟောင်းကြီးတော့
ခဏ ကျန်စေချင်ပါတယ်
အဖေနဲ့အမေ့ လိုအင်
ဆန္ဒဖြည့်ရတဲ့အချိန်
အမှန်တွေကို
ခဏမျိုသိပ်ထားတယ်
🟠
ဟင် မီးပျိုင့်ကြီးရယ်
နီလိုက်ဦး
အခုထိ
ဈေးဦးမပေါက်သေးလို့
မီးပျိုင့်ပျက်ရင်
ပိုပြီးရောင်းကောင်းလွန်းတယ်
ကျွန်တော်ဟာ
အတ္တကြီးတဲ့ ပန်သည်ဗျို့
🟢
မီးပျိုင့်ကြီးဟာ
ကျွန်တော့်အသည်းနှလုံး
ဟူး ကားများပိတ်ရင်
ပျော်လို့မဆုံး
မီးစိမ်းပြချိန် ခဏပဲ
သတ်မှတ်ပေးကွယ်
ကျွန်တော်ဟာ
တစ်ဖက်တည်းကြည့်တဲ့
ပန်းသည်ဗျို့
ကျွန်တော်ဟာ
အတ္တကြီးတဲ့ ပန်သည်ဗျို့
ကျေးဇူးတင်ပါသည်
ကိုကြီးပဲဖောတင်ဆက်သည်