ငေးမောရင်းနဲ့ စိတ်တွေ 
လေလွင့်ရင်း 
စွန်တစ်ကောင်လိုမိုးကောင်းကင်ထဲ 
ပြန်သန်းဖို့ခွန်အားတွေ 
အရာမယွင်းခဲ့ 
ပုခုံးထက်မှာ ထမ်းလို့ထားတဲ့ 
သုညများ 
ဒီနေရာမှာရပ်တန့်နေဆဲ ပါ 
အသွင်ပြောင်းသွားတဲ့ ငါ့ကြမ္မာ.. 
တစ်ရွေ့ရွေ့ ထွက်ခွာသွား.. 
အရိုးစွဲနေတဲ့အမှောင်ညတွေ 
ဖြတ်သန်းရင်း 
ခန္ဓာကိုယ်တစ်ခြမ်းမရှိသလိုမျိုး 
ပြင်မရတဲ့အဖြစ်ဆိုးတွေ 
ကျန် ရစ်ခဲ့..... 
မီးခိုးတွေကြားမှာ 
အသက်ရှုရပ်မသွားဖို့ 
ခံနိုင်ရည်အား လက်ကျန်နဲ့ 
ငါအရှုံး ပေးနေမယ် 
ဘာများထူးခြားနိုင်မှာလဲ 
အနားမှာပျံဝဲနေတဲ့ 
လိပ်ပြာငယ်လေးရယ် 
ငါဟာမင်းရှေ့မှာပဲ 
အရင်လိုလမ်းပျောက်နေဆဲ.... 
အားလုံးဆန့်ကျင်နေလိုက်ကျ 
ဟောင်းနွမ်းလို့သွားပြီ အဖြစ်အပျက် 
ကဗျာစာရွက်တစ်ချို့ရယ်. 
အခုထိငါ့အိပ်ကပ်ထဲမှာ 
အဆင်သင့်ရှိနေဆဲပါ... 
မျှော်လင့်ချက် 
ဒီဘဝအတွက် 
အသက်ဆက်ရေတစ်ခွက်.ဟာ..... 
  .... 
ငေးမောရင်းနဲ့ 
စိတ်တွေလေလွင့်ရင်း 
စွန်တစ်ကောင်လို 
မိုးကောင်းကင်ထဲ 
ပြန်သန်းဖို့ခွန်အားတွေ 
အရာမယွင်းခဲ့ 
ပုခုံးထက်မှာ ထမ်းလို့ထားတဲ့ 
သုညများ 
ဒီနေရာမှာရပ်တန့်နေဆဲ ပါ 
အသွင်ပြောင်းသွားတဲ့ ငါ့ကြမ္မာ.. 
တစ်ရွေ့ရွေ့ ထွက်ခွာသွား.. 
အရိုးစွဲနေတဲ့အမှောင်ညတွေ 
ဖြတ်သန်းရင်း 
ခန္ဓာကိုယ်တစ်ခြမ်းမရှိသလိုမျိုး 
ပြင်မရတဲ့အဖြစ်ဆိုးတွေ 
ကျန် ရစ်ခဲ့..... 
မီးခိုးတွေကြားမှာ 
အသက်ရှုရပ်မသွားဖို့ 
ခံနိုင်ရည်အား လက်ကျန်နဲ့ 
ငါအရှုံး ပေးနေမယ် 
ဘာများထူးခြားနိုင်မှာလဲ 
အနားမှာပျံဝဲနေတဲ့ 
လိပ်ပြာငယ်လေးရယ် 
ငါဟာမင်းရှေ့မှာပဲ 
အရင်လိုလမ်းပျောက်နေဆဲ.... 
အားလုံးဆန့်ကျင်နေလိုက်ကျ 
ဟောင်းနွမ်းလို့သွားပြီအဖြစ်အပျက် 
ကဗျာစာရွက်တစ်ချို့ရယ်. 
အခုထိငါ့အိပ်ကပ်ထဲမှာ 
အဆင်သင့်ရှိနေဆဲပါ... 
မျှော်လင့်ချက် 
ဒီဘဝအတွက် 
အသက်ဆက်ရေတစ်ခွက် 
... 
ဝိုး. အိုး ..ဝို.... 
  ... 
အနားမှာပျံဝဲနေတဲ့ 
လိပ်ပြာငယ်လေးရယ် 
ငါဟာမင်းရှေ့မှာပဲ 
အရင်လိုလမ်းပျောက်နေဆဲ 
အားလုံးဆန့်ကျင်နေလိုက်ကျ 
ဟောင်းနွမ်းလို့သွားပြီအဖြစ်အပျက် 
ကဗျာစာရွက်တစ်ချို့ရယ် 
အခုထိငါ့အိပ်ကပ်ထဲမှာ 
အဆင်သင့်ရှိနေဆဲပါ... 
မျှော်လင့်ချက်တွေရယ်... 
အိုး...ဝိုး....အို..