ချစ်တိုင်းလဲမညားဘူးဆိုတာ ငါလေယုံလိုက်မယ် 
မင်းနဲ့ပေါင်းမဲ့သူကိုငါမနာလိုဘူးကွယ် လူတိုင်းကပြောကြတယ် 
ကောင်မလေးကမင်းဘက်ကွယ် မင်းချစ်တဲ့သူကိုမင်းရအောင်ယူသင့်တယ် 
အချစ်နဲ့စစ်မှာမတရားတာမရှိလဲပဲ မင်းဘဝတွက်ဆိုတာတွေကရှိသေးတယ် 
ငါသိမ်းထားလိုက်တော့မယ် သိပ်ချစ်လွန်းခဲ့လဲ မေ့လိုက်တော့ကလေးရယ် 
ငါလေသတိရဆဲပါ ဟိုးအရင်ချိန်များ 
အရင်လိုငါ့ရဲ့ဖုန်းကိုမင်းမျှော်နေမလား 
မင်းတော့မသိပါ ငါလွမ်းလွန်းလိုကွာ 
မင်းမရှိတဲ့နေ့များ တခေါင်ကျော်ညလယ်ထဲမှာမင်းငိုနေမလား 
အရင်လိုမင်းစိတ်ဆိုးရင်ချော့မဲ့သူများ 
မင်းနားရှိမလားငါတွေးရင်းရှုးကာ ငါအိပ်မရတဲ့နေ့များ 
မင်းမသိအရှုံးသမားတယောက်ရဲ့ဒဏ္ဏာရီ အဆုံးထိမင်းမုန်းပစ်လိုက်ဖို့တန်ပါသည် 
ဟုတ်သည် ငါပြုံးထားသည် ဒဏ်ရာများကိုငါဖုံးပြီး 
ခါးသည်းအခုလမ်းခွဲရဖို့အချိန်တန်ပြီ 
ချစ်ခွင့်မရှိပေါင်းဖက်ဖို့အတွက်ကံမပါသည့် 
ငါ့ကိုနင်ထားခဲ့ပြီ အရာရာနောက်ပြန်ကိုလှည့်မကြည့် 
မင်းနဲ့မင်းနဲ့ဝေးလို့သွားရင်ဘာတွေဘယ်လို့ငါဖြစ်သွားမှာကို 
စဉ်းစားရင်းရူးမတတ်ဖြစ်တယ်အချိန်တွေကြာမေ့သွားမှာစိုး 
စွန်ကလေးရစ်ဘီးငယ်လို့ဆွဲထားဖို့အတွက်တော့မလုပ်ပါကိုယ် 
မင်းလေးသွားဖို့လမ်းခရီးတထောက်ငါဆိုပြန်သန်းသွားဟိုးအမြင့်ထပ်ရံကို 
စိတ်ကူးများအများကြီးရှိလဲပေါင်းစပ်ဖို့အတွက်မဖြစ်တာငါသိ 
တကယ်တမ်းကြငါလိုလူမှာပေးဆပ်နိုင်တာအချစ်အပြင်ဘာရှိ 
အချစ်ဆိုတာကိုထားခဲ့အဝေးငါလိုလူကိုမသနားနဲ့ကလေး 
မင်းရဲ့ဘဝတွက်ပြန်သန်းလိုက်ပါ Come On Baby Fly Away 
မင်းမသိအရှုးသမားတယောက်ရဲ့ဒဏ္ဏာရီ 
အဆုံးထိမင်းမုန်းပစ်လိုက်ဖို့တန်ပါသည် ဟုတ်သည် 
ငါပြုံးထားသည် ဒဏ်ရာများကိုငါဖုံးပြီး 
ခါးသည်းအခုလမ်းခွဲရဖိုအချိန်တန်ပြီ 