menu-iconlogo
huatong
huatong
avatar

၁ဝဝတန်​

Hlwan Painghuatong
abecdocurilhuatong
Lyrics
Recordings
သီချင်း - ၁ဝဝတန်

တေးဆို - လွမ်းပိုင်

အတူတူတွဲထားခဲ့တဲ့လက်တွေ

ဘယ်တော့မှမဖြုတ်တော့ဘူးကွာ

ဒီလိုအမြဲပြောခဲ့တဲ့

မင်းရဲ့စကားတွေယုံကြည်နေဆဲပါ

ရင်ခုန်ခြင်းနဲ့အချစ်ရဲ့သက်သေ

နင်ပေးတဲ့ကြင်နာတဲ့အနမ်းများ

တကယ်ကိုခြောက်သွေ့လွန်းတဲ့

ငါ့ရဲ့ဘဝအတွက်လိုအင်မှုများပါ

ပျော်ရွှင်ခြင်းနဲ့အချစ်ကိုရှာတွေ့ပြီ

ရင်မှာသိမ်းဆည်းထားမယ်

အပျက်အစီးမရှိ

ဒီလိုအိပ်မက်များရယ်

ငါဆေးစက်များခြယ်

အားလုံးနင်ဖျက်ဆီး

အားလုံးပြီးဆုံးသွားပေမယ်လည်း

အကုန်မပြောင်းလဲချစ်နေဆဲပါ

ထာဝရမင်းကငါ့ရဲ့ချစ်သူ

အတိတ်မှာထိမ်ချန်ကျန်နေဆဲပါ

အားလုံးပြီးဆုံးသွားပေမယ့်လည်း

အကုန်မပြောင်းလဲရှိနေဆဲပါ

ပြုစားတယ်..သူအားတကယ်...

ငါမုန်းမေ့မရတော့ချစ်နေယုံပဲ

သူနဲ့ယှဉ်ရင်ငါကရာတန်တရွက်ပါပဲ

အရင်ကပျာယာခတ်စွာနဲ့

မင်းဆီကိုသယ်လာပြဿနာပဲ

ငါ့လိုမစာနာတတ်ပါတဲ့သူနဲ့

ယှဉ်ရင်တော့သူကအရာရာ

ပိုပြီးထက်ပါတယ်

ဟုတ်တယ်မှတ်လားချစ်သူ

ငါ့ကိုပြောပါမသက်ညာနဲ့

မင်းပြောသလိုငါကမင်းကို

ချစ်တယ်ရယ်ရစ်တာရယ်ကလွဲရင်

အမြဲတမ်းကိုအပြစ်ရှာမယ်

ဒီလိုမျိုးဖြစ်လာတဲ့ငါ့စိတ်ကိုလည်း

ငါသိပါတယ် ထစ်ထစ်ရှိဒါပဲ

ပြောနေတဲ့ငါကမင်းကို

အပြစ်မရှိရှာတယ်ဒီလိုဖြစ်ရှိလာတဲ့

ငါ့ရဲ့စိတ်ကိုသည်းခံပါကွယ်

ပြောမယ့်အစားအကျည်းတန်ပါတယ်ဆိုတဲ့

စကားနဲ့ထိခိုက်လာတယ်

တယောက်နဲ့တယောက်ကြားထဲမှာလဲ

တဖြည်းဖြည်းနဲ့ပိုစိတ်ကနာတယ်

အဓိကဘာလဲနားလည်မှုခွာပြဲ

သံသယတွေနဲ့လွန်ဆွဲ

အမှားအမှန်ကိုဒွန်တွဲ

မခွဲခြားဘဲစွပ်စွဲခဲ့တာတွေ

အကုန်လုံးကလည်းငါ့အပြစ်ပါပဲ

နင်မထားခဲ့ပါနဲ့ငါတားချင်တာပဲ

စဉ်းစားတော့ဒါအတ္တပဲ

ထင်တိုင်းကိုကောက်ချက်ချစွဲ

မင်းကိုအနိုင်ယူခဲ့တာအမြဲ

ဒီလိုတယူသန်တဲ့ ငါနဲ့

မင်းနဲ့မတန်တာအမှန်ပါပဲ

ငါ့ဘဝထဲနင်ဝင်မလာနဲ့

ငါ့အတွက်နင်သာသာယာပဲ

ငါ့ကြောင့်နင်ငိုနေတာအမြဲ

ငါ့ကြောင့်နင်ဆူခံရအမြဲ

ဟုတ်တယ်ငါကရှုပ်တယ်

ငါ့ကိုမင်းဘဝထဲကထုတ်ပယ်

ဒီလိုလူယုတ်ရဲ့လက်ထဲကနေ

ပြန်ပါတော့ကွယ် အမြင့်ကိုအချစ်ရယ်...

အားလုံးပြီးဆုံးသွားပေမယ်လည်း

အကုန်မပြောင်းလဲချစ်နေဆဲပါ

ထာဝရမင်းကငါ့ရဲ့ချစ်သူ

အတိတ်မှာထိမ်ချန်ကျန်နေဆဲပါ

အားလုံးပြီးဆုံးသွားပေမယ့်လည်း

အကုန်မပြောင်းလဲရှိနေဆဲပါ

ပြုစားတယ်...သူအားတကယ်...

ငါမုန်းမေ့မရတော့ချစ်နေယုံပဲ

အားလုံးပြီးဆုံးသွားပေမယ်လည်း

အကုန်မပြောင်းလဲချစ်နေဆဲပါ

ထာဝရမင်းကငါ့ရဲ့ချစ်သူ

အတိတ်မှာထိမ်ချန်ကျန်နေဆဲပါ

အားလုံးပြီးဆုံးသွားပေမယ့်လည်း

အကုန်မပြောင်းလဲရှိနေဆဲပါ

အတူမြဲလျောက်တဲ့ ကျောင်းလမ်းလေးရဲ့ပေါ်

ငါလေလျောက်နေဆဲပါ..

အားလုံးပြီးဆုံးသွားပေမယ့်လဲ

အကုန်မပြောင်းလဲရှိနေဆဲပါ

ပြုစားတယ်သူမတကယ်

ငါမုန်းမေ့မရတော့ချစ်နေယုံပဲ

ငါမုန်းမေ့မရတော့ချစ်နေယုံပဲ

အရမ်းချစ်တယ် အရမ်းမုန်းတယ်

အရမ်းချစ်တယ် အရမ်းမုန်းတယ်

အရမ်းချစ်တယ် အရမ်းမုန်းတယ်

အရမ်းချစ်တယ် အရမ်းမုန်းတယ်

အရမ်းချစ်တယ် အရမ်းမုန်းတယ်

အရမ်းချစ်တယ် အရမ်းမုန်းတယ်

အရမ်းချစ်တယ် အရမ်းမုန်းတယ်

မုန်းမေ့မရတော့....ချစ်နေယုံပဲ

More From Hlwan Paing

See alllogo
၁ဝဝတန်​ by Hlwan Paing - Lyrics & Covers