menu-iconlogo
huatong
huatong
avatar

တမာလမ်းကိုပြန်ခဲ့ပါ

ချိုပြုံးhuatong
မိုးဦးhuatong
Lyrics
Recordings
Intro

3

2

1

GO

နှစ်ပြောင်းလရှည် ကြာခဲ့ပြီမောင်ရေ

ငယ်ကကျွမ်းလို့လည်း လွမ်းရပါတယ်လေ

ဒါကြောင့်သာပဲ

မောင်နှင့်နှစ်ယောက်သားတွေ့ရာ

အညာကတမာလမ်းလေးတွေ

မောင်ရေ မောင်ရေ

ပြေးကြည့်မိလေတော့

တမာတွေ ဆယ်ကြိမ်ဖူး

နှစ်ဦးခွဲခွာ ဆယ်လီနှစ်များ

ကြာခဲ့ပြီမောင်ရေ

တမာတောမှာပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲ ခြားခြား ပြောပါမောင်ရေ

တမာတောမှာပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲ ခြားခြား ပြောပါမောင်ရေ

ရွှေစည်းခုံ စေတီအပါးမှာ

မောင့်သက်ထား ချစ်သက်ဝေ

နံ့သာပျားထုံ တူစုံယှဉ်လျက်

လျှူ ချင်ပါတယ်လေ

သည်ဆုခြွေထား

တောင်းတိုင်းပြည့်စေသားလို့

မြတ်ဘုရားထံ ဆုပန် ဆုပန်ခြွေ

Music

………

3

2

1

GO

မောင့်ကိုထားတဲ့ မေတ္တာတွေ

တမာတောမှာရွာသည့် မိုးနှယ်

မေတ္တာမိုးပြေးမဟုတ်ပါမောင်ရေ

ချစ်မိုးအုံ့ပြန့် တားမတတ်အောင်

ရွာသည့်အလား

မောင့်အသည်းပြင်ဝယ်

ချစ်မိုးဆွေချင်ပါပေ

မောင်ပြန်လာမယ့်ရက်တွေ

ချိုးရေတွက်သော်

တွက်သည့်ရက်များ

အခက်သားရှင်ရေ

မြောက်လေပြေ ဖြန်းပါလို့

နှင်းပွင့်ကိုခြွေ

ရွှေမင်းဝံ ဟိုတောင်ရိုးဆီက

သစ္စာထားခဲ့ကြတဲ့

လွမ်းစေတီကိုလေ

ဆောင်းညတိုင်းသတိရနေ

သဇင်တွေပွင့်ပြီမောင်ရေ

မောင်ပြန်ချိန်ဖြင့်

သင့်ပြီထင်တယ်လေ

တမာတောမှာပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲ ခြားခြား ပြောပါမောင်ရေ…….

တမာတောမှာပျော်တယ်ဆိုတဲ့

မောင်ရေ မောင်ရေ

အညာမြေကိုမေ့လို့လား

အညာသူလေးကိုမေ့လို့လား

ခွဲခွဲ ခြားခြား ပြောပါမောင်ရေ…….

ရွှေစည်းခုံ စေတီအပါးမှာ

မောင့်သက်ထား ချစ်သက်ဝေ

နံ့သာပျားထုံ တူစုံယှဉ်လျက်

လျှူ ချင်ပါတယ်လေ

သည်ဆုခြွေထား

တောင်းတိုင်းပြည့်စေသားလို့

မြတ်ဘုရားထံ ဆုပန် ဆုပန် ခြွေ

…………. The End ……………

More From ချိုပြုံး

See alllogo