သီချင်း - လွမ်းလွန်းလို့
တေးဆို - ရဲရင့်အောင်
နင်မရှိဘဲ မနေတတ်တဲ့ ငါ့အားနည်းချက်
ဘာလုပ်လုပ် တစ်ယောက်တည်းမို့
အလွန်ပင်ပန်းနေတယ်
နင်ငါအနားရှိချိန်တွေ ပြန်လည်သတိရနေတယ်
နင်ရဲ့အငွေ့အသက်များကို ငါတမ်းတဆဲ
ဒီမှာ အိပ်ရာနိုးလည်း ငါမထသေးဘူး
အရင်လိုဖုန်းဆက်နှိုးမဲ့ နင့်ဖုန်းကိုစောင့်မိဆဲ
ဒါမဖြစ်နိုင်မှန်းငါ ကြိုသိထားလည်း
နင်မရှိလို့ ရှုပ်ယှက်ခတ်နေတယ်
အခန်းလေးထဲ yeah
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့ ငါ့ရဲ့အနားနားပြန်လာပါ
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့
တစ်နေ့နေ့တော့ နင်ပြန်လာမလား
အိပ်မက်ဆိုးများကြားထဲ အခုထက်ထိ ငါကြံရာမရ
နင်မသိဘူးလွမ်းလွန်းလို့သေနိုင်တယ်
နင်မသိဘူးလွမ်းလွန်းလို့သေနိုင်တယ်
နင်မသိဘူးလွမ်းလွန်းလို့
နင်မရှိတော့အရာအားလုံး အမှောင်ဖုံးသွားခဲ့
အမှန်တိုင်းလည်း မမြင်တတ်ခဲ့
ငါအခုထိကန်းနေဆဲ
အတူသွားဖူးတဲ့နေရာများရောက်ရင်
အတိတ်ကအကြောင်းများတွေးကာငါမျက်ရည်ဝဲ
ဒီမှာညည့်နက်သွားလည်း ငါမအိပ်သေးဘူး
အရင်လိုအနားမှာရှိမယ့် နင့်ကိုတောင့်တဆဲ
ဒါမဖြစ်နိုင်မှန်းငါ ကြိုသိထားလည်း
နင်မရှိလို့ ရှုပ်ယှက်ခတ်နေတယ်
အခန်းငယ်လေးထဲ
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့ ငါ့ရဲ့အနားနားပြန်လာပါ
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့
တစ်နေ့နေ့တော့ နင်ပြန်လာမလား
အိပ်မက်ဆိုးများကြားထဲ အခုထက်ထိ ငါကြံရာမရ
နင်မသိဘူးလွမ်းလွန်းလို့သေနိုင်တယ်
နင်မသိဘူးလွမ်းလွန်းလို့သေနိုင်တယ်
နင်မသိဘူးလွမ်းလွန်းလို့
နင်အရင်လို အနားနားရှိဖို့ငါမျှော်လင့်
အတူပျော်တဲ့နေ့ရက်တိုင်းကို
ငါဘယ်အရာနှင့်မှ အစားမထိုးနိုင်ပါဘူး
သံယောဇဉ်လက်ကျန်လေးကိုငဲ့လို့ နင်ငါ့အနားကို
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့ ငါ့ရဲ့အနားနားပြန်လာပါ
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့ oh no
တစ်နေ့နေ့တော့ နင်ပြန်လာမလား yeah
အိပ်မက်ဆိုးများကြားထဲ အခုထက်ထိ ငါကြံရာမရ
နင်မသိဘူးလွမ်းလွန်းလို့သေနိုင်တယ်
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့ ငါ့ရဲ့အနားနင်ပြန်လာပါ
ငါတစ်ယောက်ထဲ မဖြစ်တဲ့ဘဝမို့
တစ်နေ့နေ့တော့ နင်ပြန်လာမလား
အိပ်မက်ဆိုးများကြားထဲ အခုထက်ထိ ငါကြံရာမရ
နင်မသိဘူးလွမ်းလွန်းလို့သေနိုင်တယ်
နင်မသိဘူး လွမ်းလွန်းလို့သေနိုင်တယ်
နင်မသိဘူး လွမ်းလွန်းလို
နင်မသိဘူးလွမ်းလွန်းလို့သေနိုင်တယ်
နင်မသိဘူး လွမ်းလွန်းလို့