menu-iconlogo
huatong
huatong
avatar

Nga Yeezar Ka Po Mite Tal

Sai Sai Kham Leng/nay win/Phyo Layy/John Zayyahuatong
parn.akumahuatong
Lyrics
Recordings
Uh huh yeah

Welcome to frenzo

Uh huh yeah SAI

ငါ့ရည်းစားလေးအသက်က မင်းထက်ငယ်တယ်

အသိညာဏ်နဲ့ဗဟုသုတ မင်းထက်ကြွယ်တယ်

တာဝတိံသာနတ်သမီးလေး နတ်သက်ကြွေခဲ့

မြေပြင်ပေါ်က SAl နဲ့ ပတ်သတ်နေတယ်

ဒါ physics သိပ္ပံသဘောတရားတွေပဲ

အင်ဂျင်နီယာမလေး မင်းက ချောလှနေခဲ့

အရည်အချင်းက အားလုံးရှေ့မှာ ဦးဆောင်ထားတုန်းပဲ

ပြေတီဦးလို ပြောလိုက်ရင် ရူးတောင်သွားဦးမယ်

ကျွန်တော့်ရည်းစားလေးအကြောင်း အားလုံးသိအောင်ပြောပြမယ်

ကမ္ဘာမြေလောကကြီးရဲ့အလှအပ သူသဘောကျတယ်

အဖြူထည်လေးပေါ့ သူ့ရဲ့စိတ်ဓာတ်က အလှစစ်

ပရိသတ်တွေတအားချစ်တဲ့ makeup artist

ပန်းချီကားတစ်ချပ်လို သူငါ့ဘဝကို ဆေးခြယ်

အကြင်နာအပြည့်နဲ့ နှိုင်းယှဉ်စရာမတွေ့ခဲ့

တခြား shorty တွေအကုန် သတ်သေကုန်ပြီသူ့ကြောင့်

ဆီနဲ့ရေလိုကွာတယ် ကျန်တဲ့ ဣိတ္ထိယတွေဒူးထောက်

မိန်းမလှတွေများတဲ့ လောကကြီးရဲ့ထဲ

အားလုံးထဲကမင်းက ဘုရင်မဖြစ်နေတယ်

မင်းလေးတစ်ယောက်ကလွဲရင် အကုန် ဖွဲနဲ့ဆန်ကွဲပါပဲ

အားလုံးမင်းနဲ့နှိုင်းယှဉ်ရင် ကျရှုံးသွားနိုင်တယ်

စိန်ခေါ်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် အေးဆေးပဲ

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်

တစ်ချက်လောက်ငါ့ဆော်ရဲ့အနေအထားကိုရှိုး

ခေါင်းကနေခြေဖျားထိ ကြွေသွားမယ် ဟိုး

ဒေါင်းတွေလို ကြီးလာလေ ပိုလှတဲ့အမျိုး

အမျိုးသားထုကြီး ဝန်းရံနေကြတယ်ဗျို့

Oh no ကြည့်လိုက်ဦးအရှင်းကြီး

လာမယှဉ်နဲ့ လုံးဝကို စာရင်းမရှိ

Branded တွေတကိုယ်လုံးဝတ်ပြီးဗျင်းသည့်

အထာကျကျ rapper တစ်ယောက်ရဲ့ ရွှေမင်းသမီး

ဦးနေဝင်းရဲ့အသည်းလေးကတော့ တစ်ယောက်ပဲရှိတယ်

စိတ်လှတယ် ခရီးသွား blogger လေး yeah yeah

သူ့ရဲ့အချစ်က လွတ်လပ်ပြီးတော့ ဟန်ဆောင်မှုတွေကင်းတာမို့ ကျုပ်ကပျော်တာဟေ့ oh yeah

နေဖက်ကို လှည့်ပွင့်တဲ့ နေကြာပန်းလေး

ရောဂါတွေထပ်တိုးအောင် ကုဋေကုဋာအနမ်းပေး

မင်းနဲ့တွဲပြီးလျှောက်ပစ်လိုက်မယ် မြေကမ္ဘာလမ်းတွေ

တခြားဆော်တွေ မိုက်တယ် မလဲဘူး ကြွေတာအရမ်းဟေ့ အသည်းလေး

မိန်းမလှတွေများတဲ့ လောကကြီးရဲ့ထဲ

အားလုံးထဲကမင်းက ဘုရင်မဖြစ်နေတယ်

မင်းလေးတစ်ယောက်ကလွဲရင် အကုန် ဖွဲနဲ့ဆန်ကွဲပါပဲ

အားလုံးမင်းနဲ့နှိုင်းယှဉ်ရင် ကျရှုံးသွားနိုင်တယ်

စိန်ခေါ်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် လက်ခံလိုက်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် that's right

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် လက်ခံလိုက်

ကျွန်တော့်ရဲ့ချစ်သူစာရင်းကိုင်လေး သိပ်တိကျတယ်ဟေ့

ရိုးရိုးသားသား အချစ်တွေရင်မှာ တစ်ရာရာခိုင်နှုန်းအပြည့်

ရူးသွပ်သွားအောင်ခိုင်းစေတဲ့ ကိုယ်ရဲ့အိပ်မက်လေး

Aphrodite ကိုမြင်လိုက်သလို ရင်ထဲမှာငါလှိုက်ဖို

အရူးမီးဝိုင်းပြီဟေ့

ကိုကြီးတို့ဆော်တွေအကြောင်းကြားတာ အသေအကြေဘူပိတ်တယ်

ကျွန်တော့်မမအကြောင်းပြောပြရင် မေမေဆူလိမ့်မယ်

သာမာန်မိန်းမလှတွေနဲ့ ဘယ်အခြေအနေတူလိမ့်မလဲ

ကိုးရီးယားနဲ့ဂျပန်ကို ဒလေစေ သူလိမ့်တယ်

ဟိုကမင်းသမီးတွေနဲ့တောင်မှားနေရ

အသားအရည်လှချက်က တွေ့တဲ့လူတိုင်း ဘုရားတွေတ

စိတ်ထားဖြူစင်ပြီး သဒ္ဒါတရားကအပြည့်

ကျနော်ရူးခါအောင်ချစ်တဲ့ ကပြားမလေး

နေပါကွာ no no no မင်းတို့ကအဖိုးအခများတယ်

တော်ပါကွာ ဒိုးဒိုးဒိုး တဖြည်းဖြည်းနဲ့ ဒုက္ခများမယ်

ဒီမှာငါ့ရည်းစားလေးက အသည်းထဲအေးတဲ့ ဆရာဝန်လေးပေါ့ကွယ်

ရင်ခုန်တယ် နှလုံးသားလေးရဲ့ ကုသရေးအတွက်

တာဝန်ပေးတော့မယ် yeah

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ပိုမိုက်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ် ဟားဟားဟား

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်

မင်းဆော်ထက်ငါ့ဆော်ကပိုမိုက်တယ်

ဟေ့ကောင် ငါ့ဆော်ပိုမိုက်တယ်

More From Sai Sai Kham Leng/nay win/Phyo Layy/John Zayya

See alllogo

You May Like