menu-iconlogo
huatong
huatong
avatar

ကြိုးမဲ့စွန်

Y Winehuatong
nivek_0420huatong
Lyrics
Recordings
သီချင်း - ကြိုးမဲ့စွန်

တေးဆို - ဝိုင်ဝိုင်း

ကန်ရေပြင်ကိုကြည့်ငေးရင်း

ဒဏ်ရာတွေကိုရေတွက်နေ

ကိုယ်စီကိုယ်စီ စိတ်ကူးထဲ

ဒီအလွမ်းတွေဘယ်လိုရင်ဆိုင်ရမှာလဲ

အတူထိုင်နေပေမယ့်

ပင်လယ်ပြင်တွေကွာဝေးဆဲ

အိုဘယ်လိုဟန်ဆောင်လည်း

လမ်းခွဲချိန်နုှတ်ဆက်အနမ်းတွေ

အေးစက်တယ်

မျှော်လင့်ခြင်းတွေရယ်

ယုံကြည်ခြင်းတွေရယ်

တိမ်စိုင်များလိုလေနှင်ရာ

ပြိုကွဲတယ်

အိပ်မက်များစွာရယ်

ပျော်ရွှင်ခြင်းတွေရယ်

မြူမှုန်များလိုနေရောင်မှာ

ပြယ်လွင့်တယ်

တိမ်တွေဆီကိုပျံကာဝဲနေ

တို့ရဲ့ရောင်စုံအိပ်မက်စက္ကူစွန်ငယ်

အတူတူပျော်ရွှင်ပျံနေဆဲမှာ

အချစ်ကြိုးတွေပြတ်သွားတယ်

လေနှင်တဲ့ဆီပြေး

ဝေးပြီကမ္ဘ္ဘာတစ်ဘက်စီ

အိုရက်စက်လွန်းတဲ့ဘဝ

ကံတရားရယ်

လေနှင်တဲ့ဆီပြေး

ကွဲပြီတို့အသည်းတွေ

မျောလွင့်နေ

ကြိုးမဲ့စွန်ကလေးများရယ်

ကံကြမ္မာကိုမမြင်သေးတော့

တစ်ချိန်မှာပျော်ရွှင်ခဲ့ဖူးတယ်

ကြင်နာသူရယ်လက်များရယ်

ဒီအတိုင်းသာခိုင်မာနေဦးမှာပဲ

ဒီလိုထင်ပေမယ့်

ဒဏ္ဍာရီသာဖြစ်သွားခဲ့

ဒဏ်ရာတွေကိုယ်စီနဲ့

တို့လက်တွေနှုတ်ဆက်ခွဲခွာ

ဝေးခဲ့တယ်

မျှော်လင့်ခြင်းတွေရယ်

ယုံကြည်ခြင်းတွေရယ်

တိမ်စိုင်များလိုလေနှင်ရာ

ပြိုကွဲတယ်

အိပ်မက်များစွာရယ်

ပျော်ရွှင်ခြင်းတွေရယ်

မြူမှုန်များလိုနေရောင်မှာ

ပြယ်လွင့်တယ်

တိမ်တွေဆီကိုပျံကာဝဲနေ

တို့ရဲ့ရောင်စုံအိပ်မက်စက္ကူစွန်ငယ်

အတူတူပျော်ရွှင်ပျံနေဆဲမှာ

အချစ်ကြိုးတွေပြတ်သွားတယ်

လေနှင်တဲ့ဆီပြေး

ဝေးပြီကမ္ဘ္ဘာတစ်ဘက်စီ

အိုရက်စက်လွန်းတဲ့ဘဝ

ကံတရားရယ်

လေနှင်တဲ့ဆီပြေး

ကွဲပြီတို့အသည်းတွေ

မျောလွင့်နေ

ကြိုးမဲ့စွန်ကလေးများရယ်

လေနှင်တဲ့ဆီပြေး

ဝေးပြီကမ္ဘ္ဘာတစ်ဘက်စီ

အိုရက်စက်လွန်းတဲ့ဘဝ

ကံတရားရယ်

လေနှင်တဲ့ဆီပြေး

ကွဲပြီတို့အသည်းတွေ

မျောလွင့်နေ

ကြိုးမဲ့စွန်ကလေးများရယ်

More From Y Wine

See alllogo