menu-iconlogo
huatong
huatong
avatar

မဆုံတဲ့ဖူးစာ

Y Winehuatong
mataygcuhuatong
Lyrics
Recordings
သီချင်း - မဆုံတဲ့ဖူးစာ

တေးဆို - ဝိုင်ဝိုင်း ၊ကြိုးကြာ

မင်းမျက်ရည် မင်းမျက်ရည်

ငိုကြွေးခြင်းများနဲ့မင်းရဲ့

မျှော်လင့်ချက်

အတူတူနေဖို့မလွယ်ဘူး အချစ်သက်သက်ဆို

မဆုံတဲ့ဖူးစာ မေ့ပစ်လိုက်ပါနော်

အိပ်လိုက်တော့ မင်းမျက်လုံးတွေ မှိတ်လိုက်

မင်းအလွမ်းများကြောင့် ငါမောတယ်

ဒီအချိန်မှာ သူပြန်လာကာ မနှစ်သိမ့်ဘူးလေ

မျက်ရည်များ ဒီညနဲ့အတူ ချန်ခဲ့

ဘယ်လောက်ထိ ပေးဆပ်ခြင်းတို့ နင်ပေးလည်း

သူ့ဘက်က အသိအမှတ် မပြုခဲ့နိုင်ဘူး

နင်နာကျင်နေပါစေ ပြန်လှည့်မကြည့်ဘူးလေ

သူမင်းအတွက်ကိုယ်ချင်းစာစိတ် လုံးဝမရှိဘူး

အို.. မေ့လိုက်ပါ

ကြိတ်မှိတ်ပြီးမေ့လိုက်ပါ

ထားခဲ့ပြီပဲ မျက်ရည်များ သုတ်လိုက်ပါ

မင်းရဲ့ရှေ့မှာ အလှပဆုံး မိုးကောင်းကင်

ပျံသန်းဖို့ အားနဲ့ခေါင်းမော့ကြည့်လိုက်ပါ

ပါးထက်မှာ မင်းမျက်ရည် မင်းမျက်ရည်

ငိုကြွေးခြင်းများနဲ့မင်းရဲ့

မျှော်လင့်ချက်

သူတစ်ယောက်တည်းကိုပဲ

မင်းကြိတ်မှိတ်တမ်းတလို့

လမင်းကြီးကတော့ မင်းဘေးနားသာဆဲပဲ

အစွန့်ပစ်ခံ မင်းမျက်ရည် မင်းမျက်ရည်

အို.. အစွန်းရောက်တဲ့ထိ စွဲလမ်းမနေနဲ့

အတူတူနေဖို့မလွယ်ဘူး အချစ်သက်သက်ဆို

မဆုံတဲ့ဖူးစာ မေ့ပစ်လိုက်ပါနော်

အိပ်လိုက်တော့ မင်းမျက်လုံးတွေ မှိတ်လိုက်

မင်းအလွမ်းများကြောင့် ငါမောတယ်

နင်နာကျင်နေပါစေ ပြန်လှည့်မကြည့်ဘူးလေ

သူမင်းအတွက်ကိုယ်ချင်းစာစိတ် လုံးဝမရှိဘူး

အို.. မေ့လိုက်ပါ

ကြိတ်မှိတ်ပြီးမေ့လိုက်ပါ

ထားခဲ့ပြီပဲ မျက်ရည်များ သုတ်လိုက်ပါ

မင်းရဲ့ရှေ့မှာ အလှပဆုံး မိုးကောင်းကင်

ပျံသန်းဖို့ အားနဲ့ခေါင်းမော့ကြည့်လိုက်ပါ

ပါးထက်မှာ မင်းမျက်ရည် မင်းမျက်ရည်

ငိုကြွေးခြင်းများနဲ့မင်းရဲ့

မျှော်လင့်ချက်

သူတစ်ယောက်တည်းကိုပဲ

မင်းကြိတ်မှိတ်တမ်းတလို့

လမင်းကြီးကတော့ မင်းဘေးနားသာဆဲပဲ

အစွန့်ပစ်ခံ မင်းမျက်ရည် မင်းမျက်ရည်

အို.. အစွန်းရောက်တဲ့ထိ စွဲလမ်းမနေနဲ့

အတူတူနေဖို့မလွယ်ဘူး အချစ်သက်သက်ဆို

မဆုံတဲ့ဖူးစာ မေ့ပစ်လိုက်ပါနော်

မဆုံတဲ့ဖူးစာ မေ့ပစ်လိုက်ပါနော်

More From Y Wine

See alllogo