ချစ်တဲ့စိတ်ဆိုတာ(ဆို-ပိုပိုဟေသာ)
MyanmarMusicMaestro
U_Soe
အိပ်ရာထဲလှဲနေလဲမအိပ်နိုင်ပဲ
မင်းကိုပြေးမြင်နေတဲ့စိတ်ရေ
မီးဖွင့်ပြီးဝတ္တုထဲ ပြန်ဖတ်တော့လဲ
မင်းကဝင်လာတယ်ဇာတ်လမ်းထဲ
မင်းကို သတိတွေရချင်းများ များစွာ
မင်းဟာတို့ရဲ့အတွေးကမ္ဘာ
ကျောင်းစာလဲ မကျက်ဖြစ်ဘူးကွယ်ခုရက်ထဲ
တို့လေ စာတွေနောက်ကျတယ်
ကျောင်းမှာလဲ
နောက်လှည့်ပြီးတော့ကြည့်ချင်ခဲ့
တို့လေ ဘယ်လိုလုပ်မလဲကွယ်...
မင်းကိုသတိတွေရချင်းများ များစွာ
တို့ရင်ထဲက ပုစ္ဆာပါ
ချစ်စိတ်တဲ့စိတ်ဆိုတာ ဖွင့်ဟမရသူပါ
ဘာကြောင့်မို့ သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်လေးရင်မှာ
ခံစားရမှာလား ကယ်ကွယ်ပြောစမ်းပါ
မိုးရေထဲရှောက်လာခဲ့တဲ့ တို့တစ်ယောက်တည်း
လမ်းဟာတကယ်ကို မှုန်ဝါးဝါးရယ်
တို့ရင်ထဲမိုးရေများ စိုရွဲနေခဲ့
ချစ်ဟာ ရင်မှာရွာခဲ့တယ်
မင်းကို သတိတွေရချင်းများ များစွာ
လွတ်မြောက်လမ်းလဲ မရှိပါလား..
ချစ်တဲ့စိတ်ဆိုတာဖွင့်ဟ မရသူပါ
ဘာကြောင့်မို့သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်ကလေးရင်မှာ
ခံစားရမှာလားကယ်ကွယ်ပြောစမ်းပါ
မင်းကို သတိတွေရချင်းများ များစွာ
လွတ်မြောက်လမ်းလဲ မရှိပါလား..
ချစ်တဲ့စိတ်ဆိုတာဖွင့်ဟ မရသူပါ
ဘာကြောင့်မို့သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်ကလေးရင်မှာ
ခံစားရမှာလား
ချစ်တဲ့စိတ်ဆိုတာဖွင့်ဟ မရသူပါ
ဘာကြောင့်မို့သတိတွေရ
ချစ်တဲ့စိတ်ဆိုတာ တိတ်တိတ်ကလေးရင်မှာ
ခံစားရမှာလားကယ်ကွယ်ပြောစမ်းပါ
ချစ်တဲ့စိတ်ဆိုတာ
ချစ်တဲ့စိတ်ဆိုတာ(အိုးဟို)
ချစ်တဲ့စိတ်ဆိုတာ
ချစ်တဲ့စိတ်ဆိုတာ(အိုးဟို)
ဟို့ဟို...........
....