menu-iconlogo
logo

မျက်ရည်မိုးလေးရွာ

logo
Letras
Intro...

မျက်ရည်​​မိုးလေးရွာ

ဖြိုးပြည့်စုံ&ကျော်သီဟ

P.မိုးလေးတဖွဲဖွဲ ကျလို့လာရင်လေ

နှလုံးသားလေးလည်း

တဆတ်ဆတ် နာနေတယ်..

ရေပြင်‌ရေအောက် အမှတ်တရလေးတွေနဲ့

မျက်ဝန်းကရွာသော မိုးလေးမြေခရှာ

ကြင်နာသူ အချစ်ဦးရေ...

ဒီရင်မှာ မိုးတွေသည်း....

မိုးချိန်းခဲ့တဲ့ နှလုံးသားယဥ်ဆီမှာ

စွန်းထင်းခဲ့တဲ့ မိုးကြိုးအကြင်နာများ

မညှာတာအငြိုးကြီး ရက်စက်ခြင်းတွေနဲ့

ကြမ္မာရိုင်းများ ကံဆိုးမိုးကရွာသွန်းလာ

ကြင်နာသူ အချစ်ဦးရေ

ဝေဒနာလွန် ဒုက္ခများ

P&K.မိုးစက်ကလေး များလည်း

မိုးဖွဲလေးများလည်း

တိတ်ဆိတ်ရေပြင်ကြီး

လေညင်းများ တိုက်ခတ်တဲ့

လှုပ်ရမ်းသော နှလုံးသားရဲ့

ပင့်သက်ကြွေ အရိပ်များ

ဒိုင်ယာရီတွေ ရေတွေစိုကာ

ကဗျာချိုချိုတွေ မြေပြင်ပေါ်မှာ

အကြင်နာတွေဟာ ရင်မှာမုန်တိုင်းများ..

မျက်ရည် မိုးလေးရွာ.....

မိုးစက်လေးနဲ့ ပန်းရဲ့ခရေပွင့်များ

ဆွေးမြှေ့ခြင်းနဲ့ မျှောလွင့်မြေခသွား

ရင်မှာအမှတ်တရ မိုးရဲ့သက်သေနဲ့

ဇာတ်လမ်းများ ခရေပန်းလေးနဲ့ အတူတူမြုပ်နှံ ကြင်နာသူ အချစ်ဦးရေ

ကြွေနေတယ် ပန်းခရေများ....

Music...

P.မိုးလေးတဖွဲဖွဲ ကျလို့လာရင်လေ

နှလုံးသားလေးလည်း

တဆတ်ဆတ် နာနေတယ်

ရေပြင်‌ရေအောက် အမှတ်တရလေးတွေနဲ့

မျက်ဝန်းကရွာသော မိုးလေးမြေခရှာ

ကြင်နာသူ အချစ်ဦးရေ....

ဒီရင်မှာ မိုးတွေသည်း....

P&K.မိုးစက်ကလေး များလည်း

မိုးဖွဲလေးများလည်း

တိတ်ဆိတ် ရေပြင်ကြီး

လေညင်းများ တိုက်ခတ်တဲ့

လှုပ်ရမ်းသော နှလုံးသားရဲ့

ပင့်သက်ကြွေ အရိပ်များ

ဒိုင်ယာရီတွေ ရေတွေစိုကာ

ကဗျာချိုချိုတွေ မြေပြင်ပေါ်မှာ

အကြင်နာတွေဟာ ရင်မှာမုန်တိုင်းများ..

မျက်ရည် မိုးလေးရွာ.....

K.မိုးချိန်းခဲ့တဲ့ နှလုံးသားယဥ်ဆီမှာ

စွန်းထင်းခဲ့တဲ့ မိုးကြိုးအကြင်နာများ

မညှာတာအငြိုးကြီး ရက်စက်ခြင်းတွေနဲ့

ကြမ္မာရိုင်းများ ကံဆိုးမိုးကရွာသွန်းလာ

ကြင်နာသူအချစ်ဦးရေ

ဝေဒနာလွန် ဒုက္ခများ.....

End .....