သီချင်း - တစ်လိမ်နှစ်လိမ်
တေးဆို - May La Thanzin, Phyoe Pyae Sone
G: တစ်လိမ်နှစ်လိမ်ပွေလိမ်ရှုပ်တယ်
လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ့
ကိုကိုချွဲတော့တယ်
B: ချစ်တာကိုလေပြောပြစမ်းချင်တယ်
ခင်ယုံကွယ်ကျိန်စာမောင်ပြုပါ့မယ်
ကြိုက်တာကိုလေပြောပြစမ်းချင်တယ်
ခင်ယုံကွယ်ကျိန်စာမောင်ပြုပါ့မယ်
ချစ်လို့ရယ် သက်ဆုံး ပေါင်းဖို့ရွယ်
မောင်ရဲ့ အသည်းနှလုံးကိုခွဲပြချင်တယ်
လှသူဇာနွယ်ချောလည်းချောပေတယ်
ချစ်ချင်ဖွယ်ကိုကိုရှောင်ရှားမရတယ်
G: တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ်
လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ့
ကိုကိုချွဲတော့တယ်
လိမ်တယ်ညာတယ်လူညာကြီးရယ်
ယုံအောင်ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်
ပျိုပျို ခက်တော့မယ်
***Music***
B: ချစ်မယ်ကြိုက်မယ်သက်လည်
အတည် ပြောတာပါကွယ်
ခက်တယ် သက်လည် မျက်ခြယ်
ဘယ်သူများ ကြားကဖျက်တယ်
ပြောပါခင်လေးရယ်
ခင်မင်တာတွေကွယ်
မေတ္တာ ရစ်ပတ်ကာရယ်
သစ္စာခက်လက် အသွယ်သွယ်
ကြင်နာတာတွေကွယ်
မေတ္တာရစ်ပတ်ကာရယ်
သစ္စာခက်လက် အသွယ်သွယ်
ပြောပြခဲ့လို့ ယုံယုံကြည်ကြည်
ချစ်စေချင်တယ် ချစ်စေချင်တယ်
မောင့်ကို ချစ်ရင်ပြောပါလားကွယ်
G: တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ်
လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ့
ယုံအောင် ချွဲတော့တယ်
လိမ်တယ်ညာတယ်လူညာကြီးရယ်
ယုံအောင် ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်
ပျိုပျို ခက်တော့မယ်
မယုံနိုင်ပါ မောင်ရယ်
ခင့်ကို ပြောတော့ကြင်မယ်
နောက်ကွယ်ကြတော့ ရှင်လည်
B: ခင်ရယ်ယုံပါကွယ်
G: တစ်လိမ်နှစ်လိမ် ပွေလိမ်ရှုပ်တယ်
လူညာကြီးပေါ့ကွယ်
ပျိုပျိုခင်ကို ချစ်ပါပဲနဲ့
ကိုကိုချွဲတော့တယ်
လိမ်တယ်ညာတယ်လူညာကြီးရယ်
ယုံအောင် ဖြီးတတ်တယ်
မောင်ရယ်နောင်ကွယ် ပစ်လို့သွားရင်
ပျိုပျို ခက်တော့မယ်
မယုံနိုင်ပါမောင်ရယ်
ခင့်ကိုပြောတော့ကြင်မယ်
နောက်ကွယ်ကြတော့ ရှင်လည်
B:Oh.. ခင်ရယ်ယုံပါကွယ်
G: မယုံနိုင်ပါမောင်ရယ်
ခင့်ကို ပြောတော့ ကြင်မယ်
နောက်ကွယ်ကြတော့ ရှင်လည်
B:Oh.. ခင်ရယ်ယုံပါကွယ်