(B)ဟေးး......
မြင်းလှည်းလေးနဲ့တူပျော်ပျော်
ဘုရားပွဲတော်သွားစို့နော်
ကုသိုလ်ပြုမယ်ချစ်ဖော်
ခုလို ပွဲတော် ပွဲတော်
(G)အို...မြင်းလှည်းလေးနဲ့မောင်လာခေါ်
ဘုရားပွဲတော်ထားပျို့မော်
အဓိဌာန်စို့ကွယ်တို့နှစ်ဖော်
နိဗ္ဗာန်ပို့မယ့်ပွဲတော်
(B)ဖေ့သားမောင်မြင်းလုံးကြီး
ကျွန်းလုံးကြီးပြည်ကျော်...
(G)ခွါမြှောက်ကာလေးဖက်ရွရွ
ပြေးထွက်ခဲ့ပြီနော်..
(B)ဟေ့ ဖေ့သားမောင်မြင်းလုံးကြီး
ကျွန်းလုံးကြီးပြည်ကျော်...
(G)ခွါမြှောက်ကာလေးဖက်ရွရွ
ပြေးထွက်ခဲ့ပြီနော်..
(B)ပျော်ပါရဲ့လား ချစ်ဖော်
ပျော်ပါရဲ့လား ချစ်ဖော်
(G)ဗုံသံရယ်ကြားရသော်ခုန်ကာပင်ကချင်သော်
(B)တစ်နှစ်မှတစ်ခါဆုံကြုံပြန်သော်...
(B+G)ဪ....အများကောင်းမှု့ဘုရားပွဲတော်
သီချင်းတကြော်ကြော်
မြင်းလှည်းလေးနဲ့ခေါ်
ပွဲတော်....ပွဲတော်
ပွဲတော်....ပွဲတော်
(B)ဟေး..မြင်းလှည်းလေးနဲ့တူပျော်ပျော်
ဘုရားပွဲတော်သွားစို့နော်
ကုသိုလ်ပြုမယ်ချစ်ဖော်
ခုလို ပွဲတော် ပွဲတော်
(G)အော်...မြင်းလှည်းလေးနဲ့မောင်လာခေါ်
ဘုရားပွဲတော်ထားပျို့မော်
အဓိဌာန်စို့ကွယ်တို့နှစ်ဖော်
နိဗ္ဗာန်ပို့မယ့်ပွဲတော်
(B)ဖေ့သားမောင်မြင်းလုံးကြီး
ကျွန်းလုံးကြီးပြည်ကျော်...
(G)ခွါမြှောက်ကာလေးဖက်ရွရွ
ပြေးထွက်ခဲ့ပြီနော်
(B)ဟေ့ ဖေ့သားမောင်မြင်းလုံးကြီး
ကျွန်းလုံးကြီးပြည်ကျော်
(G)ခွါမြှောက်ကာလေးဖက်ရွရွ
ပြေးထွက်ခဲ့ပြီနော်
(B)ပျော်ပါရဲ့လား ချစ်ဖော်
ပျော်ပါရဲ့လား ချစ်ဖော်
(G)ဗုံသံရယ်ကြားရသော်
ခုန်ကာပင်ကချင်သော်
(B)တစ်နှစ်မှတစ်ခါဆုံကြုံပြန်သော်
(B+G)ဪ...အများကောင်းမှု့ဘုရားပွဲတော်
သီချင်းတကြော်ကြော်
မြင်းလှည်းလေးနဲ့ခေါ်
ပွဲတော်.....ပွဲတော်
ပွဲတော်....ပွဲတော်