တောင့်တရင်းသာ
ဆို - ဖြိုးပြည့်စုံ
ရော်ရွက်ဟောင်းတွေ
ကြွေကာရွက်သစ်တို့ဝေ
အတူလျှောက်ခဲ့ဘူးတဲ့ အထီးကျန်မြေနီလမ်းရေ
တိုင်တည်သစ္စာပြုရင်း ဆုပန်တောင်းခြွေ
အစဉ်သာမခွဲ မြဲကာလေ . . .
အတောင်ဖြန့်ကာ
အဝေးသို့ပျံနေခဲ့သော ကျေးငှက်ပမာ
အဖော်စုံလို့ မေ့လျော့ကာပျော်နေမလား
တစ်ဒင်္ဂသာ
နှုတ်ဆက်ကြင်နာမှုအနမ်းပေးစွန့်ခွာလို့
ကျန်ရစ်သောလွမ်းဆွတ်သူဟာရင်မော
ကိုယ့်ဘဝထပ်ချစ်မြတ်နိုးခဲ့တာ
ရင်ခုန်သံ သူလေးသိလား
လမ်းဟောင်းလေးရဲ့ အမှတ်တရနေ့များစွာ
ရော်ရွက်ဟောင်းတွေ
ကြွေကာရွက်သစ်တို့ဝေ
အတူလျှောက်ခဲ့ဘူးတဲ့ အထီးကျန်မြေနီလမ်းလေး
တိုင်တည်သစ္စာပြုရင်း ဆုပန်တောင်းခြွေ
အစဉ်သာမခွဲ မြဲကာလေ . . .
<<<<< Music >>>>>>
အတောင်ဖြန့်ကာ
အဝေးသို့ပျံနေခဲ့သော ကျေးငှက်ပမာ
အဖော်စုံလို့ မေ့လျော့ကာပျော်နေမလား
တစ်ဒင်္ဂသာ
နှုတ်ဆက်ကြင်နာမှုအနမ်းပေးစွန့်ခွာလို့
ကျန်ရစ်သော လွမ်းဆွတ်သူဟာရင်မော
ကိုယ့်ဘဝထပ်ချစ်မြတ်နိုးခဲ့တာ
ရင်ခုန်သံ သူလေးသိလား
လမ်းဟောင်းလေးရဲ့ အမှတ်တရနေ့များစွာ . . .
ရော်ရွက်ဟောင်းတွေ
ကြွေကာရွက်သစ်တို့ဝေ
အတူလျှောက်ခဲ့ဘူးတဲ့ အထီးကျန်မြေနီလမ်းလေး
တိုင်တည်သစ္စာပြုရင်း ဆုပန်တောင်းခြွေ
အစဉ်သာမခွဲ မြဲကာလေ . . .
ပြန်လေမလားတစ်ချိန်မှာ ကိုယ်တောင့်တရင်းသာ
ဆုံနိုင်မယ့်တစ်နေ့ မျှော်ရင်း . . .
<<<<<< Thanks All >>>>>>