menu-iconlogo
logo

မနိုးပါစေနဲ့ မိုးရယ်

logo
Letras
မနိုးပါစေနဲ့ မိုးရယ်

ရေး ကိုင်ဇာ

ဆို ဖြိုးပြည့်စုံ

မိုးတိမ်တွေမည်းနက်ရိပ်နဲ့

အာကာပြင်မှာထင်ခြယ်

လျှပ်နွယ်လျှပ်ပန်းခက်များနဲ့

အော်မြည်သံတို့ကြောက်စဖွယ်

မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့

ဒဏ္ဍာရီလေးရှိတယ်

မိုးခြိမ်းရင်မေ့ရဲ့ရင်မှာကြောက်

စိတ်တွေ၀င်မိတယ်

ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့

ရင်မှာပူပင်လာတယ်

အခုဆိုရင် မင်းကလေးတစ်ယောက်

ကြောက်နေရှာရော့တော့မယ်

ထိုစဉ်မှာမင်းပုန်းစရာ

မောင့်ရင်ခွင်လေး နွေးသလို

ချစ်သူဆီထီးကိုယူလို့

ပြေးလာနေမိတော့တယ်

မေအိပ်တဲ့အုတ်ဂူလေးထက်မှာ

မောင်ထီးကလေးမိုးကာပေးပါ့မယ်

ဒီမိုးကေလး တိတ်ကာမသွားထိအောင်

စောင့်ကာနေပါမယ် .....

မေအိပ်တဲ့ အုတ်ဂူလေးနွေးအောင်

လက်ကလေးနဲ့ထွေးကာပွေ့ထားမယ်

ရေစက်လေးများ ရွှဲစိုကာချမ်းလွန်းပါစေ

မပြန်သေးပါကွယ် ...

မိုးရွာတာရပ်လိုက်ပေးပါ့

ဒေဝါအမ္ဗုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော့်ရဲ့အချစ်

ချမ်းနေရှာရော့တော့မယ်

ပျော်ရွှင်စွာ

သူ့ရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ

မှေးပျော်ကာ အိပ်နေတာလေး

မနိုးပါစေနဲ့မိုးရယ် ...

မိုးတိမ်တွေမည်းနက်ရိပ်နဲ့

အာကာပြင်မှာထင်ခြယ်

လျှပ်နွယ်လျှပ်ပန်းခက်များနဲ့

အော်မြည်သံတို့ကြောက်စဖွယ်

မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့

ဒဏ္ဍာရီလေးရှိတယ်

မိုးခြိမ်းရင်မေ့ရဲ့ရင်မှာ

ကြောက် စိတ် တွေ၀င်မိတယ်

ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့

ရင်မှာပူပင်လာတယ်

အခုဆိုရင် မင်းကလေးတစ်ယောက်

ကြောက်နေရှာရော့တော့မယ်

ထိုစဉ်မှာ မင်းပုန်းစရာ

မောင့်ရင်ခွင်လေး နွေးသလို

ချစ်သူဆီ ထီးကိုယူလို့

ပြေးလာနေမိတော့တယ်

မေအိပ်တဲ့အုတ်ဂူလေးထက်မှာ

မောင်ထီးကလေးမိုးကာပေးပါ့မယ်

ဒီမိုးလေး တိတ်ကာမသွားထိအောင်

စောင့်ကာနေပါမယ် .....

မေအိပ်တဲ့ အုတ်ဂူလေးနွေးအောင်

လက်ကလေးနဲ့ထွေးကာပွေ့ထားမယ်

ရေစက်လေးများ ရွှဲစိုကာချမ်းလွန်းပါစေ

မပြန်သေးပါကွယ် ...

မိုးရွာတာရပ်လိုက်ပေးပါ့

ဒေဝါအမ္ဗုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော့်ရဲ့အချစ်

ချမ်းနေရှာရော့တော့မယ်

ပျော်ရွှင်စွာ

သူ့ရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ

မှေးပျော်ကာ အိပ်နေတာလေး

မနိုးပါစေနဲ့မိုးရယ် ...

မိုး ... ရွာ ... တာ ....

ရပ်လိုက်ပေးပါ့ ဒေဝါအမ္ဗုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော့်ရဲ့အချစ်

ချမ်းနေရှာရော့တော့မယ်

ပျော်ရွှင်စွာ

သူ့ရဲ့အုတ်ဂူဖြူဖြူအိမ်ကလေးထဲမှာ

မှေးပျော်ကာ အိပ်နေတာလေး

မနိုးပါစေနဲ့မိုးရယ် ...