အိပ်မက်ချစ်သူ
တေးဆို မီးနို
တနေ့က အိပ်မက်လေးထဲမှာ
မင်းနဲ့အတူ
လက်ကလေးတွဲကာရယ်
လမင်းလေးအောက်မှာကွယ်
အတူလျောက်ခဲ့
ပျော်ရွှင်ခဲ့ကြတယ်
အချစ်နှင်းဆီ
မင်းလေးပေးကာရယ်
တိတ်တခိုး အနမ်းလေးတွေနဲ့
တို့လက်ကလေးကို
ဆုပ်ကိုင်ထား
ကြယ်ကြွေတိုင်းမှာလည်း
အတူတူနေဖို့ကို
မင်း...ဆုတောင်းခဲ့တယ်
တို့စိတ်ထဲမှာ မင်းနဲ့အတူတူ
နေချင်ခဲ့ပေမယ့်
အချိန်တန်တော့
အိပ်မက်လေးထဲက
လန့်နိုးခဲ့သူပါ
တကယ်ဆိုရင်
လူတွေပြောကြတယ်
ကြယ်တွေကြွေတိုင်းမှာ
ဆုတောင်းပြည့်တယ်
ပုံပြင်ဇာတ်လမ်းလေးလား
စကားပုံလေးများလား
ကိုယ်ဂရုမစိုက်ပါဘူး
အမှန်တကယ်ဆို
ကိုယ်လေအမြဲတမ်းကို
ကြယ်တွေကြွေတိုင်းမှာ
ဆုတောင်းခဲ့တယ်
ညတိုင်းမင်းကိုပဲ
လွမ်းတယ်
အိပ်မက်ချစ်သူ......
^^^^Up by JUE^^^^
^^^^^^MUSIC^^^^^^
တနေ့က အိပ်မက်လေးထဲမှာ
မင်းနဲ့အတူ
လက်ကလေးတွဲကာရယ်
လမင်းလေးအောက်မှာကွယ်
အတူလျောက်ခဲ့
ပျော်ရွှင်ခဲ့ကြတယ်
အချစ်နှင်းဆီ
မင်းလေးပေးကာရယ်
တိတ်တခိုး အနမ်းလေးတွေနဲ့
တို့လက်ကလေးရယ်
တို့ဆီကို ပြန်လာခဲ့ပါကွယ်
အတူတူနေဖို့ကို
တို့ဆုတောင်းခဲ့တယ်
ချစ်သူလေးရယ်
လွမ်းပါတယ်
ပြန်ဆုံတွေ့ချင်လည်း
တစ်ယောက်ထဲ
လမင်းလေးအောက်မှာ
မျှော်လင့် ခဲ့သူပါ
တကယ်ဆိုရင်
လူတွေပြောကြတယ်
ကြယ်တွေကြွေတိုင်းမှာ
ဆုတောင်းပြည့်တယ်
ပုံပြင်ဇာတ်လမ်းလေးလား
စကားပုံလေးများလား
ကိုယ်ဂရုမစိုက်ပါဘူး
အမှန်တကယ်ဆို
ကိုယ်လေအမြဲတမ်းကို
ကြယ်တွေကြွေတိုင်းမှာ
ဆုတောင်းခဲ့တယ်
ညတိုင်းမင်းကိုပဲ
လွမ်းတယ်
အိပ်မက်ချစ်သူ......
ညတိုင်းမင်းကိုပဲ
လွမ်းတယ်
အိပ်မက်ချစ်သူ ....
Thanks