ကြိုးမဲ့စွန်
ဝိုင်ဝိုင်း
ကန်ရေပြင်ကို ကြည့်ငေးရင်း
ဒဏ်ရာတွေကိုရေတွက်နေ
ကိုယ်စီကိုယ်စီ စိတ်ကူးထဲ
ဒီအလွမ်းတွေဘယ်လိုရင်ဆိုင်ရမှာလဲ
အတူထိုင်နေပေမယ့်
ပင်လယ်ပြင်တွေကွာဝေးဆဲ
အို ဘယ်လိုဟန်ဆောင်လဲ
လမ်းခွဲချိန်နှုတ်ဆက်အနမ်းတွေအေးစက်တယ်
မျှော်လင့်ခြင်းတွေရယ်
ယုံကြည်ခြင်းတွေရယ်
တိမ်စိုင်များလိုလေနှင်ရာပြိုကွဲတယ်
အိပ်မက်များစွာရယ်
ပျော်ရွှင်ခြင်းတွေရယ်
မြူနှင်းများလို နေရောင်မှာပြယ်လွင့်တယ်
တိမ်တွေဆီကို ပျံကာဝဲနေ
တို့ရဲ့ ရောင်စုံအိပ်မက်စက္ကူစွန်ငယ်
အတူတူပျော်ရွှင် ပျံနေဆဲမှာ
အချစ်ကြိုးတွေ ပြတ်သွားတယ်
လေနှင်တဲ့ဆီပြေး ဝေးပြီကမ္ဘာတစ်ဖက်ဆီ
အို ရက်စက်လွန်းတဲ့ဘဝကံတရားရယ်
လေနှင်တဲ့ဆီပြေး ကွဲပြီတို့အသည်းတွေ
မျောလွင့်နေ
ကြိုးမဲ့စွန်လေးများရယ် ..
ကံကြမ္မာကို မမြင်သေးတော့
တစ်ချိန်မှာ ပျော်ရွှင်ခဲ့ဖူးတယ်
ကြင်နာသူရဲ့လက်များရယ်
ဒီအတိုင်းသာ ခိုင်မာနေအုံးမှာပဲ
ဒီလိုထင်ပေမယ့် ဒဏ္ဍာရီသာဖြစ်သွားခဲ့
ဒဏ်ရာတွေ ကိုယ်စီနဲ့
တို့လက်တွေနှုတ်ဆက်ခွဲခွာဝေးခဲ့တယ်
မျှော်လင့်ခြင်းတွေရယ်
ယုံကြည်ခြင်းတွေရယ်
တိမ်စိုင်များလိုလေနှင်ရာပြိုကွဲတယ်
အိပ်မက်များစွာရယ်
ပျော်ရွှင်ခြင်းတွေရယ်
မြူမှုန်များလိုနေရောင်မှာပြယ်လွင့်တယ်
တိမ်တွေဆီကို ပျံကာဝဲနေ
တို့ရဲ့ ရောင်စုံအိမ်မက်စက္ကူစွန်ငယ်
အတူတူပျော်ရွှင် ပျံနေဆဲမှာ
အချစ်ကြိုးတွေ ပြတ်သွားတယ်
လေနှင်တဲ့ဆီပြေး ဝေးပြီကမ္ဘာတစ်ဖက်ဆီ
အို ရက်စက်လွန်းတဲ့ဘဝကံတရားရယ်
လေနှင်တဲ့ဆီပြေး ကွဲပြီတို့အသည်းတွေ
မျောလွင့်နေ
ကြိုးမဲ့စွန်လေးများရယ် ..
လေနှင်တဲ့ဆီပြေး ဝေးပြီကမ္ဘာတစ်ဖက်ဆီ
အို ရက်စက်လွန်းတဲ့ဘဝကံတရားရယ်
လေနှင်တဲ့ဆီပြေး ကွဲပြီတို့အသည်းတွေ
မျောလွင့်နေ
ကြိုးမဲ့စွန်လေး များ ရယ် ..