အချိန်မှန်ရထားကြီး ပြေးထွက်ခဲ့
အဆုံးမဲ့ မီးလျှံထဲ
ပြန်လမ်းမရှိတော့တဲ့ ဘဝသစ်ထဲ
ပျော်ဝင်ဖြတ်သန်း စီးဆင်းဆဲ
ခိုလှုံရာအရိပ်နဲ့ လမ်းခွဲထွက်
ဒါ ဘဝရဲ့ ခရီးတွေပဲ
ရင်မှာမောပန်းခြင်းနဲ့ ဝဲလှည့်ရင်း
ငါဟာ အိမ်ကို လွမ်းနေသူ
ငါအိပ်မက်ထဲထိ လွမ်းဆဲ
ဘယ်တော့မှ မရောက်နိုင်ခဲ့
အဖြူရောင်ခြယ်တဲ့ နှလုံးသားများ
ဘယ်မှာရှာလို့ တွေ့လိမ့်မလဲ
ဒီပင်လယ်ကြီးရဲ့ ဟိုးတစ်ဖက်ကမ်း
ငါလှမ်းရင်း မှန်းမျှော်ဆဲ
ဒီရင်ကို ချည်သော ကြိုးတင်းခဲ့
ငါအိမ်ပြန်ရန် မဖြစ်နိုင်သူ
အို..ကြေကွဲခြင်းနဲ့ ငိုရှိုက်ခဲ့ညတွေ
ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူစင်နေသော ကောင်းကင်မှာ
ကြယ်ရောင် လင်းလက်တောက်ပဆဲ
အရောင် ပြောင်းလဲတဲ့ တိမ်တိုက်တွေ
သယ်ဆောင်ရာ ခရီးဆက်ဆဲ
အိပ်မပျော်တဲ့ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ
ဒဏ်ရာနဲ့ရထားကြီး ပြေးထွက်
အဆုံးမဲ့ မီးလျှံထဲ
ဒီပြန်မဆုံနိုင်တဲ့ အသိက ရင်ကို
အချိန်မှန် လှုပ်ခတ်နှိုး
ငါအိပ်မက်ထဲထိ လွမ်းဆဲ
ဘယ်တော့မှ မရောက်နိုင်ခဲ့
မောပန်းခြင်းနဲ့ ဝဲလှည့်ရင်း
ငါအိမ်ပြန် မရောက်နိုင်သူ
အို. ကြေကွဲခြင်းနဲ့ ငိုရှိုက်ခဲ့ညတွေ
ဘယ်သူသိနိုင်မလဲ
ကြည်လင်ဖြူစင်နေသော ကောင်းကင်မှာ
ကြယ်ရောင် လင်းလက်တောက်ပဆဲ
အရောင် ပြောင်းလဲတဲ့ တိမ်တိုက်တွေ
သယ်ဆောင်ရာ ခရီးဆက်ဆဲ
အိပ်မပျော်တဲ့ ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင်တဲ့ အလွမ်းတွေပဲ
အိပ်မပျော်တဲ့ ညတိုင်း အတွေးများလည်း
အိမ်ပြန်ချင် တဲ့ အလွမ်း..တွေပဲ