menu-iconlogo
huatong
huatong
avatar

ရွှေလည်တိုင်

ဖြူသီhuatong
Mr_USoehuatong
Paroles
Enregistrements
ရွှေလည်တိုင်

တေးဆို (ဖြူသီ)

Myanmar Music Maestro

U_Soe

.......

ထက်ကောင်းကင် အာကာဝေဟင်

မိုးလုံးညွှတ်မျှ ယိုကျမတတ်ပင်

ညို့ဟန်ရောင်ချိပ် မှိုင်းမှုန်ရိပ်....ထင်

တိမ်တောင်တိမ်လိပ်တွေ

တရိပ်ရိပ်ရွေ့လျားကာတွင်တွင်

ထက်ကောင်းကင် အာကာဝေဟင်

မိုးလုံးညွှတ်မျှ ယိုကျမတတ်ပင်

ညို့ဟန်ရောင်ချိပ် မှိုင်းမှုန်ရိပ်....ထင်

တိမ်တောင်တိမ်လိပ်တွေ

တရိပ်ရိပ်ရွေ့လျားကာတွင်တွင်

သဘာဝဝတ္တရားဆောင်ရွက်နေသလို..ပင်

လျှပ်ပန်းခွေနွဲ့ လေသွဲ့ရာတွင်

သာယာလှတဲ့ ပတ်ဝန်းကျင်

ဝတ်ဆံဝတ်ညှာ တင့်ကာမြူး..ပုရစ်ဖူးတွေ

သန္တာလိုနီတျာသိင်္ဂါရောင်ဝါဆင်

မြစိမ်းရည်ကွန့်တဲ့ရွက်ညွန့်ညာတွေ

လွန့်ကာဝေလွင်လွင်

လောကဓာတ်ပန်းချီကား

စိတ်များကိုညှို့ကာငင်

အဖေါ်ကင်းတဲ့ မေမဒီတွင်

ဝေရီရီတခွင်......

လွမ်းရစ်သမ်း...

ဆွေးကဗ္ဗလာလွှမ်းကာ...ဆင်

မြောက်လေပြန် ညောင်းလာတော့

သည်ဆောင်းကဝင်...

ငယ်ပေါင်းကို မကြင်နာသူက

မမြင်လာဘဲ..

အသည်းစုတွင် ကွဲလုချင်

အသည်းစုတွင် ကွဲလုချင်

ငယ်ကျွမ်းခင်နွဲ့

အစဉ်ကွဲ့ကြင်ဖက်

တော်စပ်ပါရင်

အစ်ကိုရဲ့...ကြိုလှည့်

ညိုနွဲ့နွဲ့...ဆံကေရှင်...

နွမ်းလျဖြေမရွှင်ဖြေမရွှင်

လွမ်းစရာပင်မှန်းကာမြင်

ချစ်ကျွမ်းဝင်သူတပါး

တနယ်ခြားလို့သာဖေါ်ဝေးသူမို့

ကေသီမယ်မခို့တယို့နဲ့

ကပို့ ကရို မသိမ်းတတ်နိုင်ပင်

နွမ်းလျဖြေမရွှင်ဖြေမရွှင်

လွမ်းစရာပင်မှန်းကာမြင်

ချစ်ကျွမ်းဝင်သူတပါး

တနယ်ခြားလို့သာဖေါ်ဝေးသူမို့

ကေသီမယ်မခို့တယို့နဲ့

ကပို့ ကရို မသိမ်းတတ်နိုင်ပင်

ယိမ်းလုလုစိမ်းဟန်ပြုနေရော့ထင်

မောင်တွေးချင့်လို့လာသင့်ပါတယ်ပျိုထင်

စောင့်ကာပင် မရွှင်နိုင်အထူး

မေ့ဘူးမောင်ရဲ့ချစ်ဦးခင်ခင်

မျှော်သာမျှော်

ပျိုချစ်သူမပေါ်လာတော့

ခေါင်းကလေးတမော့မော့နဲ့

လည်တိုင်ကျော့မှာ

ခိုင်ခိုင်မနော့နိုင်သရှင်

တွေးပါလျှင်

တရေးရေးထင်မြင်

ဪ...

ဆွေးရပေါ့ကြော့ဆုံးပျိုခင်

မြောက်လေပြန် ညောင်းလာတော့

သည်ဆောင်းကဝင်...

ငယ်ပေါင်းကို မကြင်နာသူက

မမြင်လာဘဲ..

အသည်းစုတွင် ကွဲလုချင်

အသည်းစုတွင် ကွဲလုချင်

ငယ်ကျွမ်းခင်နွဲ့

အစဉ်ကွဲ့ကြင်ဖက်

တော်စစ်ပါရင်

အစ်ကိုရဲ့...ကြိုလှည့်

ညိုနွဲ့နွဲ့...ဆံကေရှင်...

ကျေးဇူတင်ပါတယ်

Davantage de ဖြူသီ

Voir toutlogo