menu-iconlogo
logo

အရိပ်ဆိုး (Ft. Gar)

logo
Paroles
သီချင်း း အရိပ်ဆိုး

တေးဆို း Timmy (Ft:Gar)

ဘာတွေမှားခဲ့သလဲ

အစကပြန်စဉ်းစားရင်းမွန်းကျပ်လာတယ်

အတွေးများကပြန့်နှံလို့

ဦးနှောက်ကနိုးတဝက်နဲ့အတိတ်မဲ့ကာ

အဖြေကိုရှာမတွေ့ခဲ့

အိပ်မက်တွေထဲ

အရိပ်တခုကခြောက်လှန့်လို့

နှိပ်စက်နေတယ်

လျှောက်ခဲ့တဲ့လမ်းများလည်း

ဝိုးတဝါးနဲ့ အတိတ်မဲ့ကာအဖြေကိုရှာမတွေ့ခဲ့

အရာအားလုံးအပြီးသတ်

အဆက်အသွယ်တွေဖြတ်

မဖြစ်နိုင်တော့တာသိရက်

မင်းကိုပဲဖက်တွယ်နေတတ်တာခက်တယ်

တည်ငြိမ်တဲ့အသက်အရွယ်

စည်းစိမ်တွေမက် မျက်လုံးတွေဇိကပ်

ကြည့်ကြပ် ရွေ့ချက်ထပ်နေသည်အကွက်

တချိန်ကငါရဲ့အချစ်ဆုံး

မေ့ဖို့ကြိုးစားကာနေတုန်း

အိမ်မက်များလည်းအကုန်ပျက်သုဉ်း

လျှောက်မယ့်လမ်းမတွေပျောက်ဆုံး

အစကတည်းကမတွေ့ကြမိရင်ကောင်းသား

ဒီဘဝတော့ဒီမျှနဲ့ပဲ

ရှေ့ဆက်ဖို့အကြောင်းမပါ

မျှော်လင့်ချက်တွေပျောက်ရှ

အာရုံနောက်စရာတစ်ခုက

အသွေးအသားထဲက

မင်းတစ်ယောက်တည်းကိုသာတောင့်တ

သစ်ရွက်ခြောက်အကောင်းစား

မီးရှိုကာအစားထိုးထွက်ပေါက်ရှာနေထိုင်ခဲ့တာ

အမုန်းတွေကိုအကြောင်းပြ

တစ်ရက်ထက်တစ်ရက်

အလွမ်းတွေပိုကာတက်ပြီးရင်းတက်

ပြန်စဉ်းစားမိလိုက်တိုင်း

သွေးကြောတွေပျက်ထွက်မတတ်

လိုက်မမှီခဲ့ဘူးမင်းရဲ့

အဆင့်အတန်းသတ်မှတ်ချက်တွေကြားထဲ

မယုံနိုင်အောင်ပဲ ရက်စက်ကာသွားတယ်

မင်းဘေးကအမိုက်စားကားနဲ့ဘဲ

တွေ့လိုက်တယ်

သူလည်းပဲနောက်ထပ်ဇယားနဲ့တွဲ

ဘာ့ကြောင့်ထားခဲ့သလဲ

အဖြေထက်စာရင်သိချင်တာက

ဘာတွေမှားခဲ့သလဲ

အစကပြန်စဉ်းစားရင်းမွန်းကျပ်လာတယ်

အတွေးများကပြန့်နှံလို့

ဦးနှောက်ကနိုးတဝက်နဲ့အတိတ်မဲ့ကာ

အဖြေကိုရှာမတွေ့ခဲ့

အိပ်မက်တွေထဲ

အရိပ်တခုကခြောက်လှန့်လို့

နှိပ်စက်နေတယ်

လျှောက်ခဲ့တဲ့လမ်းများလည်း

ဝိုးတဝါးနဲ့ အတိတ်မဲ့ကာအဖြေကိုရှာမတွေ့ခဲ့

မျှော်လင့်ချက်တွေမရှိတော့

တိမ်သားလို့လွင့်ချင်ရာလွင့်

စိတ်ဓာတ်လည်းအဆုံးထိကျ

ဘဝလည်းဖြစ်ချင်ရာဖြစ်

ဘာလုပ်လုပ်အကောင်းမတွေး

အမြဲတမ်းကိုအပြစ်မြင်တာမင်း

ငါကအရိပ်စစ်နဲ့

အေးမြမယ့်နှစ်ချို့သစ်ပင်ပါအချစ်

ပြန်လှည့်မကြည့်တော့ဘူးလား

အသိစိတ်မဲ့အရူးပမာ

အတွင်းဒဏ်ရာကုသ

မလိုချင်ခဲ့ပါဘူး ဘယ်သူမှ

ကြိုက်တာနဲ့ယှဉ် မင်းအတွက်ငါကဒုတိယ

အချိန်တိုင်းလိုချင်ခဲ့တာ

အနည်းငယ်မျှကြင်နာမှုတစ်ခုပါ

လုံးဝမသက်ဆိုင်တော့

အမှတ်တရပုံရိပ်တွေ

အလွယ်တကူပဲဖျက်ပစ်လိုက်ပေါ့

မုန်းလိုက်ဖို့ဆိုတာထက်မေ့ဖို့တောင်ခက်တယ်

အဆင်ပြေပါစေဆုတောင်းမယ်

ရှေ့ဆက်မယ့်နေ့အတွက် (Yeah)

ဘဝတစ်ခုလုံးတစ်ကပြန်စ

မပြောချင်တော့ပါဘူး အမှန်အမှား

ကြားနေကြမင်းအသံများက

ပါနေခဲ့အတ္တနဲ့သံသယ

အလွမ်းပြေရေးထားတဲ့

စာတွေကဗျာတွေထဲမှာရှိတယ်

အကွက်ကျကျညာနေတာတွေ

ငါ့ရဲ့လိုအပ်ချက်များကိုအတိတ်မှာပြန်လည်ရှာဖွေ

တွေးကြည့်တယ် တစ်ခါတစ်လေ

ဘာတွေမှားခဲ့သလဲ

အစကပြန်စဉ်းစားရင်းမွန်းကျပ်လာတယ်

အတွေးများကပြန့်နှံလို့

ဦးနှောက်ကနိုးတဝက်နဲ့အတိတ်မဲ့ကာ

အဖြေကိုရှာမတွေ့ခဲ့

အိပ်မက်တွေထဲ

အရိပ်တခုကခြောက်လှန့်လို့

နှိပ်စက်နေတယ်

လျှောက်ခဲ့တဲ့လမ်းများလည်း

ဝိုးတဝါးနဲ့ အတိတ်မဲ့ကာအဖြေကိုရှာမတွေ့ခဲ့

အစကပြန်စဉ်းစားရင်းမွန်းကြပ်လာတယ်

အစကတည်းက မတွေ့ခဲ့ရင်ကောင်းသား

ဒီဘဝတော့ဒီမျှနဲ့ပဲ ရှေ့ဆက်ဖို့ အကြောင်းမပါ

အရိပ်တခုကခြောက်လှန့်လို့

နှိပ်စက်နေတယ်

သစ်ရွက်ခြောက်အကောင်းစား

မီးရှိုကာအစားထိုးထွက်ပေါက်ရှာနေထိုင်ခဲ့တာ

အတိတ်မဲ့ကာ

အဖြေကိုရှာမတွေ့ခဲ့