menu-iconlogo
huatong
huatong
Lirik
Rekaman
အမေ့စကား

တေးဆို တွံတေးစံမြင့်မောင်

မိဘစကား နားဝယ်ထားတော့

အမှားဘယ်သို့ ရှိနိုင်ပါမယ်

ဒါတွေကို မတွေးခဲ့စဉ်က

ငါ့သားရယ် ဒီနေရာမသွားနဲ့

အမေ့စကားကို ပမာမထားလို့ရယ်

ငါဆိုသော မာနတစ်ခုကို

ပဓာနပြုခဲ့တယ်

မေတ္တာကရုဏာ ရင်မှာပိုက်လို့

အမေရိုက်တဲ့ ဝေဒနာကလေးကို

ဖြေစရာပင် ဆေးမရှိသလိုဘဲကွယ်

အခုတော့ တကယ်ပါ အမေရယ်

တွယ်ရာမဲ့တဲ့သားကို

အုတ်ကြားမြက်ပေါက် လူမိုက်ရယ်လို့

မြင်သူတစ်သိုက်က ပြောကြပြီ အမေရယ်

မဟီလောကကြီးရဲ့

သောကပင်လယ်ကြောမှာ

ကျွန်တော့ဘ၀ မျောရတော့မယ်

အမေ့စကားကို နားမထောင်လို့

အမှား နောင်တသံဝေဂတွေ

သားရင်မှာ လွှမ်းမိုးနေပြီတကယ်

အမေ့စကား ပမာမထားလို့

အမှားနဲ့ ညားခဲ့ရသော

သားရဲ့ဘ၀ကို သနားလှည့်ပါ အမေရယ်

အမေချစ်တဲ့ သားကို

ငယ်ငယ်တုန်းက ဆုံးမခဲ့သလို

ရိုက်နှက်ခါပင် ဆုံးမပါ အမေရယ်

ဖြေမလွယ် အတွေးတွေကြားက

အမေ့သားလေး လွတ်မြောက်ချင်ပြီတကယ်

မိဘစကား နားဝယ်ထားတော့

အမှားဘယ်သို့ ရှိနိုင်ပါမယ်

ဒါတွေကို မတွေးခဲ့စဉ်က

ငါ့သားရယ် ဒီနေရာမသွားနဲ့

အမေ့စကားကို ပမာမထားလို့ရယ်

ငါဆိုသော မာနတစ်ခုကို

ပဓာနပြုခဲ့တယ်

မေတ္တာကရုဏာ ရင်မှာပိုက်လို့

အမေရိုက်တဲ့ ဝေဒနာကလေးကို

ဖြေစရာပင် ဆေးမရှိသလိုဘဲကွယ်

အခုတော့ တကယ်ပါ အမေရယ်

တွယ်ရာမဲ့တဲ့သားကို

အုတ်ကြားမြက်ပေါက် လူမိုက်ရယ်လို့

မြင်သူတစ်သိုက်က ပြောကြပြီ အမေရယ်

မဟီလောကကြီးရဲ့

သောကပင်လယ်ကြောမှာ

ကျွန်တော့ဘ၀ မျောရတော့မယ်

အမေ့စကားကို နားမထောင်လို့

အမှား နောင်တသံဝေဂတွေ

သားရင်မှာ လွှမ်းမိုးနေပြီတကယ်

အမေ့စကား ပမာမထားလို့

အမှားနဲ့ ညားခဲ့ရသော

သားရဲ့ဘ၀ကို သနားလှည့်ပါ အမေရယ်

အမေချစ်တဲ့ သားကို

ငယ်ငယ်တုန်းက ဆုံးမခဲ့သလို

ရိုက်နှက်ခါပင် ဆုံးမပါ အမေရယ်

ဖြေမလွယ် အတွေးတွေကြားက

အမေ့သားလေး လွတ်မြောက်ချင်ပြီတကယ်

Thank You For All

Selengkapnya dari တွံတေးစံမြင့်မောင်

Lihat semualogo