ရေး / ဆို = တွံတေးစံမြင်မောင်
စိတ်ကူးယဉ်သမားကလေးမလေးရယ်
သိပ်ထူးချင်သလား အသွေးလှရေးကွယ်..
ရောင်စုံခြယ် ဆေးဆိုးပန်းရိုက်
ပကာသနကို အထင်ကြီးလို့
သဘာဝကို မင်းမေ့ပြီလားကွယ်...
မြန်မာဟန်နဲ့ မြန်မာ့အလှကို
မင်းမေ့ပြီထင်တယ်
နှုတ်ခမ်းနီပါးနီ မိတ်ကပ်တွေခြယ်
ခဲဆွဲထားတဲ့ မျက်ခုံးလေးရယ်
မင်းအတွက် မဟုတ်ဘူးတကယ်
သဘာဝကျတဲ့ မြန်မာ့အလှနဲ့
သဘာဝ အလှပြယ်
ပကာသန အလှရယ်
အလွဲအမှား အဖြေမှန်
ခွဲခြား ဝေဖန်ကွယ်...
တကယ်ဆိုရင် အယူမမှားသင့်တယ်
မြန်မာပြည်မှာ မွေး တဲ့
မြန်မာ့ရင်သွေး မြန်မာ့သမီးလေးရယ်.
ကမ္ဘာမှာ မြန်မာသာအလှဆုံး ဖြစ်စေမယ်...
ပကာသနကို မင်း အထင်မကြီးချင်နဲ့ကွယ်
မြန်မာအလှကို ပဓာနထားရင်
ရှင်မတောင် သနပ်ခါးလေးဟာ
မင်းရဲ့အလှသခင်ဖြစ်မှာပါတကယ်
အသိမကြွယ်တဲ့ သမီးငယ်ရယ်
မြန်မာအလှပဓာနမို့ သဘာဝပီပီ
ထိန်းသိမ်းသင့်ပြီကွယ်...
စိတ်ကူးယဉ်သမား ကလေးမလေးရယ်
သိပ်ထူးချင်သလား အသွေးလှရေးကွယ်..
ရောင်စုံခြယ် ဆေးဆိုးပန်းရိုက်
ပကာသနကို အထင်ကြီးလို့
သဘာဝကို မင်းမေ့ပြီလားကွယ်...
မြန်မာနာဟန်နဲ့ မြန်မာ့အလှကို
မင်းမေ့ပြီထင်တယ်
နှုတ်ခမ်းနီပါးနီ မိတ်ကပ်တွေခြယ်
ခဲဆွဲထားတဲ့ မျက်ခုံးလေးရယ်
မင်းအတွက်မဟုတ်ဘူး တကယ်
သဘာဝကျတဲ့ မြန်မာ့အလှနဲ့
သဘာဝ အလှပြယ်
ပကာသန အလှရယ်
အလွဲအမှား အဖြေမှန်
ခွဲခြား ဝေဖန်ကွယ်...
တကယ်ဆိုရင် အယူမမှားသင့်တယ်
မြန်မာပြည်မှာ မွေး တဲ့
မြန်မာ့ရင်သွေး မြန်မာ့သမီးလေးရယ်.
ကမ္ဘာမှာ မြန်မာသာအလှဆုံးဖြစ်စေမယ်...
ပကာသနကို မင်းအထင်မကြီးချင်နဲ့ကွယ်
မြန်မာအလှကို ပဓာနထားရင်
ရှင်မတောင် သနပ်ခါးလေးဟာ
မင်းရဲ့အလှသခင် ဖြစ်မှာပါတကယ်
အသိမကြွယ်တဲ့ သမီးငယ်ရယ်
မြန်မာအလှပဓာနမို့ သဘာဝပီပီ
ထိန်းသိမ်းသင့်ပြီကွယ်...