menu-iconlogo
huatong
huatong
avatar

သူငယ်တော်အတွက်လက်ဆောင်

နီတာhuatong
allimartinhuatong
Lirik
Rekaman
သီချင်း - သူငယ်တော်အတွက်လက်ဆောင်

တေးဆို - နီတာ

ဟေမာန် အချိန်ခါ

နှင်းစက်လေးများ ကျတယ်

ဆောင်းလနှစ် ဒီဇင်ဘာ

လူတကာရင်မှာ အေးမြခြင်းစီးဝင်

မေ့မရတဲ့ ဆောင်းတစ်ညဝယ်

ငွေရောင်လမင်း ဝင်းပတဲ့ညမှာ

ခရစ်ဘုရားရှင် မွေးဖွားပြီ

အမှောင်ကမ္ဘာလူတွေ

အပြစ်မှာရွေးနုတ်ဖို့ရန်

ကမ္ဘာမြေပြင်သို့ ဆင်းလာပြီ

အို .. အဆွေရယ် သွားမယ်

သူငယ်တော် ဘုရားဆီ

သီဆိုမယ် ဟာလေလူးရာ

ဖြူစင်ကြင်နာစိတ်နှလုံး

ယူဆောင်သွားမယ့်

သူငယ်တော်အတွက် အချစ်လက်ဆောင်ပါ

သန်းခေါင်ယံ ညချမ်း

နှင်းဖွေးလေးများ ကြားမှာ

ခရစ်စမတ်တေး သီဆိုမယ်

လူတကာရင်မှာ ငြိမ်းချမ်းခြင်းစိတ်ဝင်

လှပတဲ့ ဆောင်းတစ်ညဝယ်

ကြယ်စင်တွေအောက် ဝိုင်းဖွဲ့လို့ကမယ်

ခရစ်ဘုရားရှင် မွေးနေ့မှာ

သီဆိုညီညာ သီကြူး Gloria

ကမ္ဘာမြေတစ်ခွင်လုံး မြူးမြိုင်လာ

အို .. အဆွေရယ် သွားမယ်

သူငယ်တော် ဘုရားဆီ

သီဆိုမယ် ဟာလေလူးရာ

ဖြူစင်ကြင်နာစိတ်နှလုံး

ယူဆောင်သွားမယ့်

သူငယ်တော်အတွက် အချစ်လက်ဆောင်ပါ

ဟေမာန်အချိန်ခါ

နှင်းစက်လေးများကျတယ်

ဆောင်းလနှစ် ဒီဇင်ဘာ

လူတကာရင်မှာ အေးမြခြင်းစီးဝင်

မေ့မရတဲ့ ဆောင်းတစ်ညဝယ်

ငွေရောင်လမင်း ဝင်းပတဲ့ညမှာ

ခရစ်ဘုရားရှင် မွေးဖွားပြီ

အမှောင်ကမ္ဘာလူတွေ

အပြစ်မှာရွေးနုတ်ဖို့ရန်

ကမ္ဘာမြေပြင်သို့ ဆင်းလာပြီ

အို .. အဆွေရယ် သွားမယ်

သူငယ်တော် ဘုရားဆီ

သီဆိုမယ် ဟာလေလူးရာ

ဖြူစင်ကြင်နာစိတ်နှလုံး

ယူဆောင်သွားမယ့်

သူငယ်တော်အတွက် အချစ်လက်ဆောင်ပါ

အို .. အဆွေရယ် သွားမယ်

သူငယ်တော် ဘုရားဆီ

သီဆိုမယ် ဟာလေလူးရာ

ဖြူစင်ကြင်နာစိတ်နှလုံး

ယူဆောင်သွားမယ့်

သူငယ်တော်အတွက် အချစ်လက်ဆောင်ပါ

အို .. အဆွေရယ် သွားမယ်

သူငယ်တော် ဘုရားဆီ

သီဆိုမယ် ဟာလေလူးရာ

ဖြူစင်ကြင်နာစိတ်နှလုံး

ယူဆောင်သွားမယ့်

သူငယ်တော်အတွက် အချစ်လက်ဆောင်ပါ

သူငယ်တော်အတွက် အချစ်လက်ဆောင်ပါ

သူငယ်တော်အတွက် အချစ်လက်ဆောင်ပါ

Selengkapnya dari နီတာ

Lihat semualogo