menu-iconlogo
huatong
huatong
avatar

မြို့ကြီးသူ

မနေhuatong
nt_dwsnhuatong
Lirik
Rekaman
သီချင်း : မြို့ကြီးသူ

တေးဆို : မနော

တောဘဝတောရဲ့အလှကို

သဘောကျတယ်ဆို

အပြောကြွယ်လွန်းတဲ့ မြို့ကြီးသူကို

အကြင်နာပိုကာ စွဲလန်းမိတဲ့

သံယောဇဉ်ကြိုး

အမိတို့မြို့ကဘဝလို

မခမ်းနားပါဘူးကွယ်

အရိုးခံနှလုံးသားနဲ့ မြတ်နိုးနေတယ်

အလည်လာသူကို

မေ့လို့မရတော့ခက်တယ် ခက်တယ်

တစ်ခါတစ်ခေါက်တော့ပြန်လာလည်ကွယ်

လှည်းယဉ်နဲ့လိုက်ပို့ပေးမယ်

တောသဘာဝတောရဲ့အလှတွေ

မေ့နေမှာစိုးတယ်

လယ်ခင်းယာခင်းရယ်

လွမ်းမောစရာထန်းတောကြီးတွေနဲ့

မူယာမာယာ မများတတ်ပါမြို့ကြီးသူရေ

ဒီရင်မှာ မရင့်ကျက်သေးတာ ဝန်ခံပါတယ်

ကျုပ်တို့တောကလေ

သဘောထားဖြူတယ်

မလိမ်ညာဘူးချစ်တတ်တယ်

ဝေးသွားတော့ လွမ်းတယ် လွမ်းတယ်

တောဘဝတောရဲ့အလှကို

သဘောကျတယ်ဆို

အပြောကြွယ်လွန်းတဲ့ မြို့ကြီးသူကို

အကြင်နာပိုကာ စွဲလန်းမိတဲ့

သံယောဇဉ်ကြိုး

အမိတို့မြို့ကဘဝလို

မခမ်းနားပါဘူးကွယ်

အရိုးခံနှလုံးသားနဲ့ မြတ်နိုးနေတယ်

အလည်လာသူကို

မေ့လို့မရတော့ခက်တယ် ခက်တယ်

တစ်ခါတစ်ခေါက်တော့ပြန်လာပါကွယ်

လှည်းယဉ်နဲ့လိုက်ပို့ပေးမယ်

တောသဘာဝတောရဲ့အလှတွေ

မေ့နေမှာစိုးတယ်

လယ်ခင်းယာခင်းရယ်

လွမ်းမောစရာထန်းတောကြီးတွေနဲ့

မူယာမာယာ မများတတ်ပါမြို့ကြီးသူရေ

ဒီရင်မှာ မရင့်ကျက်သေးတာ ဝန်ခံပါတယ်

ကျုပ်တို့တောကလေ သဘောထားဖြူတယ်

မလိမ်ညာဘူးချစ်တတ်တယ်

ဝေးသွားတော့ လွမ်းတယ် လွမ်းတယ်

Selengkapnya dari မနေ

Lihat semualogo