ခေါင်းငြိမ့်ပစ်လိုက်
စီစဉ်တဲ့မိဘသဘောအတိုင်း
နင်ထားပစ်ခဲ့လိုက်
ငါနေရစ်ခဲ့ပါ့မယ်
ဆင်ကိုစီးကာမြင်းရံလိုက်
ငွေပုံပေါ်စံစားလိုက်
အသည်းမရှိတဲ့လူမိုက်လို့
နင်စွပ်စွဲသွားလိုက်လေ
နင်ကောင်းစားဖို့အရေးကိုမျက်ကွယ်ငါပြုလို့
အတ္တတံဆိပ်ကပ်လို့ မစဉ်းစားနိုင်ဘူးဟေ့
နင်ကြာရင်သိလာမယ်
ဒီအချိန်ငါလွန်တယ်
ဘာမှထပ်ပြီးမမျှော်လင့်ချင်တော့ဘူးလေ
ဒီဘဝဒီမျှလို့ပဲ နင်ဖြေသိမ့်လိုက်လေ
တို့အတိတ်နေ့ရက်လေး ပြန်မလိုချင်နဲ့လေ
နောက်တစ်ယောက်လက်မှာ
ပျော်ရွှင်ခြင်းများရပါစေ
ကမ္ဘာကြီးပေါ်ကအလှဆုံးနေရာလေးတွေ
သူနဲ့ဆက်ပြီးလျှောက်သွားကာပျော်ပါးလိုက်လေ
ငါချစ်တဲ့မင်းကိုလေ
အရောင်မမှိန်စေချင်ဘူးလေ
စိတ်လျှော့လိုက်ပါ
ကြာရင်သွေးအေးသွားမယ်လေ
နင်အားလုံးရဲ့အကြိုက်
ထည်ဝါစွာလမ်းလျှောက်သွားခိုက်
ငါဟာအသည်းကွဲဇာတ်လိုက်
တစ်ဝက်ပဲပြုံးတော့မယ်
ဒီမင်္ဂလာပွဲမှာ မင်းသာမိုက်
ကျန်တာတွေ ငါလည်းမကြိုက်
သတို့သားနဲ့မလိုက်
နင်ထွက်ပြေးသွားခဲ့တယ်
တခြားတစ်ယောက်ရင်ထဲကိုသွားမယ့်
ခြေလှမ်းတို့
မင်းဆုံးဖြတ်ချက်နဲ့
နောက်လှည့်ပြန်ပြေးခိုက်
ပေတစ်ရာလမ်းပေါ်ဝယ်
နင်ငြိမ်နေပါတယ်
ဘာမှထပ်ပြီးမမျှော်လင့်ချင်တော့ဘူးလေ
ငါ့အမှားတွေကြောင့်
နင့်သွေးတွေအပြင်ထွက်လို့နေ
တို့အတိတ်နေ့ရက်လေး
ပြန်မရတော့ဘူးလေ
နောက်ဘဝကျရင်
နင်ဒီလိုဘေးမျိုးကင်းပါစေ
ကမ္ဘာကြီးပေါ်က အလှဆုံးနေရာလေးတွေ
နင်မသွားချင်မှန်း ငါမသိတာငါ့အပြစ်လေ
အို ငါ့ရဲ့ချစ်သူလေး
အရာရာငြိမ်သက်ချိန်
အချစ်စစ်တစ်ခုကို
သေချာစွာဆုံးရှုံးခဲ့ပြီလေ
နောက်ဘဝကျရင်
နင်ဒီလိုဘေးမျိုးကင်းပါစေ