O ygen (အောက်စီဂျင်)
နင်လိုနေချိန်ခေါ်သုံးလေ
မလိုလည်းထားခဲ့ရတယ်
ခံစားချက်တို့ရှိပါသေးတယ်
အတိတ်ကမင်းရဲ့လူပဲ
ပုံပြင်ဆန်ဆန်ပဲကွယ်
ဇာတ်လမ်းပီးဆုံးသွားတယ်
နောက်ဆုံးကျတော့အချစ်ပိုတဲ့သူ
အရှုံးနဲ့ဇာတ်သိမ်းတယ်
မူလသစ်ကိုင်းမှာပြန်နေချင်တာ
ကြွေသွားတဲ့သစ်ရွက်ခြောက်ရဲ့အတွေး
မင်းကိုကျော်ဖို့စဉ်းစားနေတဲ့
ကြာကူလီတွေကို
စစ်တစ်တပ်လောက်နဲ့ပေးပြီး
ငါစိန်ခေါ်နေလည်း မင်းကတော့အဟောင်းမေ့
အသစ်ဘက်လျှောက်မယ့်ကလေး
ညဘက်လန့်နိုးလို့ကမ္ဘာပျက်တယ်ထင်နေတာ
ငါတို့လမ်းခွဲတာ၈ရက်မြောက်တဲ့နေ့
ဆဒ္ဒန်ဆင်မင်းကကိုယ်ပါ
သောနုတ္တရမုဆိုးကမင်းလား
ကန်တော့ပွဲနဲ့ညောင်ပင်ကြီးနား
ဆုတွေတောင်းလည်း
ရုပ်က္ခစိုးကဆင်းမလာ
သူခိုးကြီးညမှာလာခိုးမယ်စတော့
အထုပ်ပိုးပါအသင့်ပါဆိုတဲ့ကောင်မလေးကြောင့်
သေခဲ့ရင် မင်းနောက်ဘဲကငါ့ရဲ့
ဂုတ်ချိုးစရာဖြစ်မှာ
အတိတ်ကကုသိုလ်တချို့နဲ့
ပဌါန်းရေစက်တွေအရ
ဇာတ်လမ်းထဲမှာဆုံခဲ့ရပေမယ့်
အဆုံးသတ်ပေါင်းရမယ့်အချိန်ကြ
အခန်းတွေပျက်နေလား
တဖက်သက်ချစ်ဆဲပါ
ကိုယ်မချစ်တဲ့နေ့မှ
ငမန်းတွေရဟတ်တွေအလား
ပျံဝဲမှာဆိုပေမယ့်
တခါတလေတော့မထိန်းနိုင် အလွမ်းပြေမျက်ရည်ကျ
e ကိုမုန်းတဲ့အကြောင်းpost တွေကိုပဲ
နင်စောင်းမြောင်းပြီအသေShareတယ်
ဟဟ ဟုတ်ပါပြီ ငါဆိုတာ
အညှောင့်မပေါက်သည့်မြေပဲ
အဆင်ပြေပါတယ် ထားခဲ့ပါပြောပြီး
ပြန်လာမလားလို့ချောင်းချောင်းကြည့်နေဆဲ
သူ့အပေါ်အသက်လောက်ချစ်လည်း
ငါ့ကိုမေ့မရဘူးဆိုတာတော့
ငါကောင်းကောင်းသိနေတယ်
အသည်းအကြိမ်ကြိမ်ခါခါခွဲတယ်
မျှော်လင့်ချက်တို့ပေးတယ်
အမြင်ဆုံးရောက်မှရိုက်ချသွားတယ်
အတိတ်ကချစ်သူ ....မင်း...
လေပြေတွေမဟုတ်လည်းပဲ
မုန်တိုင်းကြီးတခုဖြစ်ပါစေ
တွယ်ကပ်ဦးမယ် မုန်တိုင်းထဲလဲ
O ygenပါသေးတယ်
ဘယ်လိုမှပေါင်းစပ်လို့မဖြစ်နိုင်ရေနဲ့မီး
ဘာကြောင့်လမ်းခွဲလဲ
အဖြေတကယ်မသိ
မင်းဆုတောင်းတွေပြည့်ဖို့
ကြယ်လိုကြွေခဲ့ပြီ
နေမရှိတဲ့နေကြာပန်းလေး
တကယ်ကိုသေခဲ့ပြီ
Yeh. မင်းမုန်းမှပိုချစ်လာမိတာကိုး
တဖက်သတ်ပေးဆပ်မေတ္တာရှိတာမျိုး
ခဲမှန်ဖူးတဲ့စာသူငယ်လေးက
မင်းအနားမှာသာဝဲနေဆဲ
မင်းအတွက်ပစ်စရာမရှိမှာဆိုး
တစ်ပင်မလဲခင်တစ်ပင်ထူတာမင်းပါ
မင်းမှာကတိနဲ့အပြင်လူမှာသစ္စာ
ဘဝကြီးနဲ့ရင်းပြီးချစ်တဲ့
အရင်လူဟာနစ်နာ
အသည်းအကြိမ်ကြိမ်ခါခါခွဲတယ်
မျှော်လင့်ချက်တို့ပေးတယ်
အမြင်ဆုံးရောက်မှရိုက်ချသွားတယ်
အတိတ်ကချစ်သူ ....မင်း
လေပြေတွေမဟုတ်လည်းပဲ
မုန်တိုင်းကြီးတခုဖြစ်ပါစေ
တွယ်ကပ်ဦးမယ်
မုန်တိုင်းထဲလဲ O ygenပါသေးတယ်
ဘဝတခုကိုတည်ဆောက်ဖို့
နှစ်လွှာပေါင်းမှတရွက်ဖစ်ရတယ်
ဒါကိုသိရက်သားနဲ့ ခါးခါးသီးသီး
မင်းရူးမိုက်မနေနဲ့
မင်းနောက်လူပျော်ပါးဖို့
ငါဟာသက်သက်စတေးပေးရတယ်
ဒါကိုဝဋ်လို့ပဲ ငါသတ်မှတ်လိုက်တယ်
သိပ်ချစ်လွန်းလို့...
အသည်းအကြိမ်ကြိမ်ခါခါခွဲတယ်
မျှော်လင့်ချက်တို့ပေးတယ်
အမြင့်ဆုံးရောက်မှရိုက်ချသွားတယ်
အတိတ်ကချစ်သူမင်း...
လေပြေတွေမဟုတ်လည်းပဲ
မုန်တိုင်းကြီးတခုဖြစ်ပါစေ
တွယ်ကပ်ဦးမယ်
မုန်တိုင်းထဲလဲ O ygenပါသေးတယ်