သီချင်း - Oxygen
တေးဆို - မင်းသန့် ၊ ယွန်းမြတ်သူ
နင်လိုနေချိန် ခေါ်သုံးလေ
မလိုလည်း ထားခဲ့ရတယ်
ခံစားချက်တို့ ရှိပါသေးတယ်
အတိတ်က မင်းရဲ့လူပဲ
ပုံပြင် ဆန်ဆန်ပဲကွယ်
ဇာတ်လမ်း ပြီးဆုံးသွားတယ်
နောက်ဆုံးကြတော့ အချစ်ပိုတဲ့သူ
အရှုံးနဲ့ ဇာတ်သိမ်းတယ်
မူလသစ်ကိုင်းမှာ ပြန်နေချင်တာ
ကြွေသွားတဲ့ သစ်ရွက်ခြောက်ရဲ့အတွေး
မင်းကိုကျော်ဖို့စဉ်းစားနေတဲ့ ကြာကူလီတွေကို
စစ်တစ်တပ်လောက်နဲ့ပေးပြီး ငါစိန်ခေါ်နေလည်း
မင်းကတော့ အဟောင်းမေ့
အသစ်ဘက်လျှောက်မယ့် ကလေး
ညဘက်လန့်နိုးလို့ ကမ္ဘာပျက်တယ်ထင်နေတာ
ငါတို့လမ်းခွဲတာ ၈ ရက်မြောက်တဲ့နေ့
ဆဒ္ဒန်ဆင်မင်းက ကိုယ်ပါ
သောနုတ္တရမုဆိုးက မင်းလား
ကန်တော့ပွဲနဲ့ ညောင်ပင်ကြီးနား
ဆုတွေတောင်းလည်း ရုပ်က္ခစိုးကဆင်းမလာ
သူခိုးကြီး ညမှာလာခိုးမယ်
စတော့အထုပ်ပိုးပါ အသင့်ပါ
ဆိုတဲ့ ကောင်မလေးကြောင့် သေခဲ့ရင်
မင်းနောက်ဘဲက ငါ့ရဲ့ဂုတ်ချိုးစရာဖြစ်မှာ
အတိတ်က ကုသိုလ်တစ်ချို့နဲ့
ပဌာန်း ရေစက်တွေအရ
ဇာတ်လမ်းထဲမှာ ဆုံခဲ့ရပေမယ့်
အဆုံးသတ်ပေါင်းရမယ့် အချိန်ကြ
အခန်းတွေပျက်နေလား တစ်ဖက်သက်ချစ်ဆဲပါ
ကိုယ်မချစ်မယ့်နေ့မှ ငါးမန်းတွေ ရဟတ်တွေအလား
ပျံဝဲမှာဆိုပေမယ့် တစ်ခါတစ်လေတော့မထိန်းနိုင်
အလွမ်းပြေ မျက်ရည်ကျ
Ex ကိုမုန်းတဲ့အကြောင်း Post တွေကိုပဲ
နင်စောင်းမြောင်းပြီးအသေ Share တယ်
ဟဟ ဟုတ်ပါပြီ
ငါဆိုတာ အညှောက်မပေါက်သည့်မြေပဲ
အဆင်ပြေပါတယ် ထားခဲ့ပါပြောပြီး
ပြန်လာမလားလို့ ချောင်းချောင်းကြည့်နေဆဲ
မင်းသူ့အပေါ် အသက်လောက်ချစ်လည်း
ငါ့ကို မေ့မရဘူးဆိုတာတော့
ငါကောင်းကောင်းသိနေတယ်
အသည်း အကြိမ်ကြိမ်ခါခါခွဲတယ်
မျှော်လင့်ချက်တို့ပေးတယ်
အမြင့်ဆုံးရောက်မှ ရိုက်ချသွားတယ်
အတိတ်ကချစ်သူ မင်း လေပြေတွေမဟုတ်လဲပဲ
မုန်တိုင်းကြီး တစ်ခုဖြစ်ပါစေ
တွယ်ကပ်ဦးမယ် မုန်တိုင်းထဲလဲ
Oxygen ပါသေးတယ်
ဘယ်လိုမှပေါင်းစပ်လို့ မဖြစ်နိုင်ရေနဲ့မီး
ဘာကြောင့်လမ်းခွဲလဲ အဖြေတကယ်မသိ
မင်းဆုတောင်းတွေပြည့်ဖို့ ကြယ်လိုကြွေခဲ့ပြီ
နေမရှိတဲ့နေကြာပန်းလေး တကယ်ကိုသေခဲ့ပြီ Yeah
မင်းမုန်းမှ ပိုချစ်လာမိတာကိုး
တစ်ဖက်သတ်ပေးဆပ် မေတ္တာရှိတာမျိုး
ခဲမှန်ဖူးတဲ့ စာသူငယ်လေးက
မင်းအနားမှာသာ ဝဲနေဆဲ
မင်းအတွက် ပစ်စရာမရှိမှာစိုး
တစ်ပင်မလဲခင် တစ်ပင်ထူတာမင်းပါ
မင်းမှာကတိနဲ့အပြင် လူမှာသစ္စာ
ဘဝကြီးနဲ့ရင်းပြီးချစ်တဲ့ အရင်လူဟာနစ်နာ
အသည်း အကြိမ်ကြိမ်ခါခါခွဲတယ်
မျှော်လင့်ချက်တို့ ပေးတယ်
အမြင့်ဆုံးရောက်မှ ရိုက်ချသွားတယ်
အတိတ်ကချစ်သူ မင်း လေပြေတွေမဟုတ်လဲပဲ
မုန်တိုင်းကြီး တစ်ခုဖြစ်ပါစေ
တွယ်ကပ်ဦးမယ် မုန်တိုင်းထဲလဲ
Oxygen ပါသေးတယ်
ဘဝတစ်ခုကို တည်ဆောက်ဖို့
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရတယ်
ဒါကို သိရက်သားနဲ့
ခါးခါးသီးသီး မင်းရူးမိုက်မနေနဲ့
မင်းနောက် လူပျော်ပါးဖို့
ငါဟာသက်သက် စတေးပေးရတယ်
ဒါကိုဝဋ်လို့ပဲ ငါသတ်မှတ်လိုက်တယ်
သိပ်ချစ်လွန်းလို့
အသည်း အကြိမ်ကြိမ်ခါခါခွဲတယ်
မျှော်လင့်ချက်တို့ ပေးတယ်
အမြင့်ဆုံးရောက်မှ ရိုက်ချသွားတယ်
အတိတ်ကချစ်သူ မင်း လေပြေတွေမဟုတ်လဲပဲ
မုန်တိုင်းကြီး တစ်ခုဖြစ်ပါစေ
တွယ်ကပ်ဦးမယ် မုန်တိုင်းထဲလဲ
Oxygen ပါသေးတယ်