menu-iconlogo
huatong
huatong
avatar

ကိုယ်ရေးရာဇဝင်

အငဲhuatong
neullockhuatong
Testi
Registrazioni
သီချင်း - ကိုယ်ရေးရာဇဝင်

တေးဆို - အငဲ

ငါ့ အတွေးမျာလည်း မီးခိုးတွေအူ

လေးဘက်လေးတန် အခန်းငယ်ထဲ

ငါစောင့်စားခဲ့နေရက်တို့

နံရံတွေပေါ်ဖြတ်သွား

ဒီမျက်နှာကျက် ပေါ်ကနေ

တွဲခိုနေမီးအိမ်တစ်လုံး

ငါ့ဘဝအတွက်

ဒီဒဏ်ရာတွေကို ကြည့်နေသလား

ကိုယ်ခန္ဓာ ကြွေမှာကိုစိုး အိုး ဝိုးဟိုး

နင်းထားတဲ့ကြမ်းပြင်ကျွံသွားမလား

ရင်ခုန်သံကို တိုးတိုး မေးကြည့်

ငါ့ရဲ့အချစ် ဘယ်မှာလဲ

ရင်မှာ မျှော်လင့်ခြင်းရဲ့သစ်သီးတစ်လုံး

နှလုံးသားငှက်က ကိုက်ခြွေကာဖျက်ဆီးသွား

နွေလွင်ပြင်ကိုဖြတ်ကျော်လာသူ

လေညှင်းလေး အိမ်ထဲကြွပါ

ငါ တံခါးရွက်တွေကို ဖွင့်ထားပြီး

သီချင်းဟောင်းတစ်ပုဒ်ကို ညည်းဆိုရင်း

ထိုင်ခုံအိုပေါ် ထိုင်နေဆဲ

လာပါ သူငယ်ချင်း

ခံစားချက်လေးများကုန်ပြီ ကုန်ခမ်းပြီ

နံရံမျက်နှာကျက်နဲ့ကြမ်းပြင်ကြား

ဒီအခန်းထဲက အပြင်မထွက်လိုဘူး

ကိုယ်ခန္ဓာ ကြွေမှာကိုစိုး အိုး ဝိုးဟိုး

နင်းထားတဲ့ကြမ်းပြင်ကျွံသွားမလား

ရင်ခုန်သံကို တိုးတိုး မေးကြည့်

ငါ့ရဲ့အချစ် ဘယ်မှာလဲ

မျှော်လင့်ခြင်းရဲ့သစ်သီးတစ်လုံး

နှလုံးသားငှက်က ကိုက်ခြွေကာဖျက်ဆီးသွား

နွေလွင်ပြင်ကိုဖြတ်ကျော်လာသူ

လေညှင်းလေး အိမ်ထဲကြွပါ

ကိုယ်ခန္ဓာ ကြွေမှာကိုစိုး အိုး ဝိုးဟိုး

နင်းထားတဲ့ကြမ်းပြင်ကျွံသွားမလား

ရင်ခုန်သံကို တိုးတိုး မေးကြည့်

ငါ့ရဲ့အချစ် ဘယ်မှာလဲ

မျှော်လင့်ခြင်းရဲ့သစ်သီးတစ်လုံး

နှလုံးသားငှက်က ကိုက်ခြွေကာဖျက်ဆီးသွား

နွေလွင်ပြင်ကိုဖြတ်ကျော်လာသူ

လေညှင်းလေး အိမ်ထဲကြွပါ

ကိုယ်ခန္ဓာ ကြွေမှာကိုစိုး အိုး ဝိုးဟိုး

နင်းထားတဲ့ကြမ်းပြင်ကျွံသွားမလား

ရင်ခုန်သံကို တိုးတိုး မေးကြည့်

ငါ့ရဲ့အချစ် ဘယ်မှာလဲ

မျှော်လင့်ခြင်းရဲ့သစ်သီးတစ်လုံး

နှလုံးသားငှက်က ကိုက်ခြွေကာဖျက်ဆီးသွား

နွေလွင်ပြင်ကိုဖြတ်ကျော်လာသူ

လေညှင်းလေး အိမ်ထဲကြွပါ

Altro da အငဲ

Guarda Tuttologo
ကိုယ်ရေးရာဇဝင် di အငဲ - Testi e Cover