မျှော်လင့်ခြင်းကွင်းပြင်
:
အငဲ
:
ဒီ ကွင်းပြင်ကြီးကို တို့ ဖြတ်ဘူးတယ်
ဒီ မြက်ပင်များအပေါ်
တို့နှစ်ယောက်အတူ လျှောက်ဘူးတယ်
ဒီကောင်းကင်ကြီးထဲ မိုးတိမ်တွေအမြဲပျံသန်း
ကြည်နူးစရာဘ၀ပေါ့ မင်းလေးနဲ့ ဟိုတစ်ချိန်က
တို့  နှစ်ဦးသားအချစ်ကို တန်ဖိုး ထားကြတယ်
ဒီ ကွင်းပြင်ကြီးဟာ အခုဆိုလွမ်းစရာ
ဒီ မြက်ပင်စိမ်းတွေ ခြောက်သွေ့ ကာညိုမွဲနေ
ဒီကောင်းကင်ကြီးလည်း
ဟိုး အရင်လို မလှတော့ဘူး
ရင်ထဲမှာအဆွေးများ မင်းထားပစ်ကာထွက်သွား
တို့  နှစ်ဦးသား ဘ၀ဟာ
ကမ္ဘာကြီး ခြားထားသလို...
တို့ မသိနိုင်ဘူး
ကံတရားရဲ့ အင်အားကို
အဝေးဆုံးချစ်သူတိုင်းလဲ
ပြန်နီးဖို့  မျှော်လင့်နေ
အချစ်ဆုံးချစ်သူတိုင်း
အို အလွမ်းဆုံးဘ၀ရှိမယ်
အချစ်ဟာ ကြည်နူးစရာ
အို လွမ်းစရာတစ်ခါဖြစ်မြဲ
ကိုယ်လေစောင့်မျှော်ဆဲပါ မင်းလာမယ့်နေ့ 
တကယ်နားလည်မှုနဲ့
မင်းကိုယ့်ထံပြန်မယ့်နေ့ 
ကြေကွဲစရာများနဲ့ 
တစ်ခြားနေရာမှာမင်းပျော်မလား
ငါလွမ်းသလိုမင်းလည်း အမြဲတမ်းတနေမှာပဲ
မျှော် မဆုံးသောကွင်းပြင်
အရင်အတိုင်း လျှောက်ရအောင်...
ကိုယ်လေစောင့်မျှော်ဆဲပါ မင်းလာမယ့်နေ့ 
တကယ်နားလည်မှုနဲ့
မင်းကိုယ့်ထံပြန်မယ့်နေ့ 
ကြေကွဲစရာများနဲ့ 
တစ်ခြားနေရာမှာမင်းပျော်မလား
ငါလွမ်းသလိုမင်းလည်း အမြဲတမ်းတနေမှာပဲ
မျှော် မဆုံးသောကွင်းပြင်
အရင်အတိုင်းလျှောက်ရအောင်
မျှော် မဆုံးသောကွင်းပြင်
အရင်အတိုင်း.......
လျှောက် ရအောင်....
:
: