menu-iconlogo
logo

မျက်ရည်မိုး

logo
歌詞
မိုးသားနဲ့ တိမ်ညိုလာရင်

လွမ်းနာကျ..

ကြိုးစားပြီး အချိန်ပိုပါရင်

ငါ့အတွက် လွမ်းပေးပါ

စိတ္တဇနဲ့ ထိုင်ငိုနေတာ

အခန်း..ထောင့်နား

အိပ်မရတဲ့ အချိန်တွေမှာဆို

မိုးက သည်းလိုက်တာ

နေသာပါဆိုလည်း

ဘယ်ငြိုး အငြိုးနဲ့ သည်းတယ်

နေ့ဆက်ရက်ဆက် မှိုင်းညို့ညို့နဲ့ကွယ်

မိုး မိုးလေးဖွဲရင် တစ်မျိုး

ဒီလွမ်းနာပိုဆိုး

ထိန်းချုပ်မရနိုင်လို့ ဟိုး

မင်းနဲ့တို့ရဲ့ အကြောင်းလေး တွေးနေလို့

အိုမိုး မိုးများသည်းရင် တစ်မျိုး

ဒီလွမ်းဟာပိုတိုး

ကြိတ်မှိတ်ပြီးငိုလို့ ဟိုး

ရောထွေးပြီးတော့ စီးဆင်းသွားတယ်

ဒီမျက်ရည်နဲ့ ရွာနေတဲ့မိုး

အိုးဟိုးဟို

အမှိုက်တစ်ဆလို့ နင်ထင်တယ်ဆို

အဝေး..မှာထား

သြော် ငါ့အတွက်တော့ လေပြေတွေဟာ

မင်းအငွေ့အသက် ဖြစ်လာ

မင်းသောက်ဖို့ ကော်ဖီဖျော်တာ

အေး..စက်သွား

မိုးစက်တို့ ထိုင်ရေနေတာ

မင်းအတွက် သီချင်းဖြစ်လာ

နေသာပါဆိုလည်း

ဘယ်အငြိုးမျိုးနဲ့ သည်းတယ်

နေ့ဆက်ရက်ဆက်

သည်းပဲသည်းလွန်းတယ်

အိုမိုး မိုးလေးဖွဲရင် တစ်မျိုး

ဒီလွမ်းနာပိုဆိုး

ထိန်းချုပ်မရနိုင်လို့ ဟိုး

မင်းနဲ့တို့ရဲ့အကြောင်းလေး တွေးနေတုန်း

အိုမိုး မိုးများသည်းရင် တစ်မျိုး

ဒီလွမ်းဟာပိုတိုး

ကြိတ်မှိတ်ပြီးငိုလို့ ဟိုး

ရောထွေးပြီးတော့ စီးဆင်းသွားတယ်

ဒီမျက်ရည်နဲ့ ရွာနေတဲ့မိုး...

မိုးလေးဖွဲရင် တစ်မျိုး

ဒီလွမ်းနာပိုဆိုး

ထိန်းချုပ်မရနိုင်လို့ ဟိုး

မင်းနဲ့တို့ရဲ့အကြောင်းလေး တွေးနေတုန်း

အို..မိုး မိုးများသည်းရင် တစ်မျိုး

ဒီလွမ်းဟာပိုတိုး

ငါကြိတ်မှိတ်ပြီးငိုလို့ အိုးဟို

ရောထွေးပြီးတော့ စီးဆင်းသွားသလို

မင်းနဲ့တို့ရဲ့အကြောင်းလေး တွေးနေတုန်း

ဒီမျက်ရည်နဲ့ ရွာနေတဲ့ မိုး

ဒီမျက်ရည်နဲ့ ရွာနေတဲ့...မိုး...