menu-iconlogo
logo

မနိုးပါစေနဲ့မိုးရယ်

logo
歌詞
မိုးတိမ်တွေမည်းနက်ရိပ်နဲ့

အာကာပြင်မှာထင်ခြယ်

လျှပ်နွယ်လျှပ်ပန်းငှက်များရဲ့

အော်မြည်သံတို့ ကြောက်စဖွယ်

မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့

ဒဏ္ဏာရီလေးရှိတယ်

မိုးခြိမ်းရင် မေ့ရဲ့ရင်မှာ

ကြောက်စိတ်တွေဝင်မိတယ်

ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့

ရင်မှာပူပင်လာတယ်

အခုဆိုရင် မင်းကလေးတစ်ယောက်

ကြောက်နေရှာရော့တော့မယ်

ဟိုစဉ်ခါ မင်းပုန်းစရာ

မောင်ရင်ခွင်လေးနွေးသလို

ချစ်သူဆီထီးကိုယူလို့

ပြေးလာနေမိတော့တယ်

မေအိပ်တဲ့အုတ်ဂူလေးထက်မှာ

မောင်ထီးကလေး မိုးကာပေးပါ့မယ်

ဒီမိုးကလေးတိတ်ကာ သွားထိအောင်

စောင့်ကာနေပါမယ်

မေအိပ်တဲ့အုတ်ဂူလေးနွေးအောင်

လက်ကလေးနဲ့ ထွေးကာပွေ့ထားမယ်

ရေစက်ကလေးများ

ရွှဲစိုကာချမ်းလွန်းပါစေ

မပြန်သေးပါကွယ်

မိုးရွာတာရပ်လိုက်ပေးပါ့

ဒေဝါအမ္ဗုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော်ရဲ့အချစ်

ချမ်းနေရှာရောတော့မယ်

ခိုလှုံရာသူ့ရဲ့အုတ်ဂူ

ဖြူဖြူအိမ်ကလေးထဲမှာ

မှေးပျော်ကာအိပ်နေတာလေး

မနိုးပါစေနဲ့မိုးရယ်

......music......

မိုးတိမ်တွေမည်းနက်ရိပ်နဲ့

အာကာပြင်မှာထင်ခြယ်

လျှပ်နွယ်လျှပ်ပန်းငှက်များရဲ့

အော်မြည်သံတို့ ကြောက်စဖွယ်

မင်းဟိုတစ်ခါပြောဖူးခဲ့တဲ့

ဒဏ္ဏာရီလေးရှိတယ်

မိုးခြိမ်းရင် မေ့ရဲ့ရင်မှာ

ကြောက်စိတ်တွေဝင်မိတယ်

ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့

ရင်မှာပူပင်လာတယ်

အခုဆိုရင် မင်းကလေးတစ်ယောက်

ကြောက်နေရှာရော့တော့မယ်

ဟိုစဉ်ခါ မင်းပုန်းစရာ

မောင်ရင်ခွင်လေးနွေးသလို

ချစ်သူဆီ ထီးကိုယူလို

့ပြေးလာနေမိတော့တယ်

မေအိပ်တဲ့အုတ်ဂူလေးထက်မှာ

မောင်ထီးကလေးမိုးကာပေးပါ့မယ်

ဒီမိုးကလေးတိတ်ကာ သွားထိတိုင်

စောင့်ကာနေပါမယ်

မေအိပ်တဲ့အုတ်ဂူလေးနွေးအောင်

လက်ကလေးနဲ့ ထွေးကာပွေ့ထားမယ်

ရေစက်လေးများရွှဲစိုကာချမ်းလွန်းပါစေ

မပြန်သေးပါကွယ်

မိုးရွာတာရပ်လိုက်ပေးပါ့

ဒေဝါအမ္ဗုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော်ရဲ့အချစ်

ချမ်းနေရှာရောတော့မယ်

ပျော်ရွှင်စွာသူ့ရဲ့ အုတ်ဂူ

ဖြူဖြူအိမ်ကလေးထဲမှာ

မှေးပျော်ကာအိပ်နေတာလေး

မနိုးပါစေနဲ့မိုးရယ်

(key change)

မိုး..ရွာ..တာ

ရပ်လိုက်ပေးပါဒေဝါအမ္ဗုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော်ရဲ့အချစ်

ချမ်းနေရှာရောတော့မယ်

ပျော်ရွှင်စွာသူ့ရဲ့ အုတ်ဂူ

ဖြူဖြူအိမ်ကလေးထဲမှာ

မှေးပျော်ကာအိပ်နေတာလေး

မနိုးပါစေနဲ့မိုးရယ်...

မနိုးပါစေနဲ့မိုးရယ် by ဖြိုးပြည့်စုံ - 歌詞&カバー