အချစ်ဟာ ပန်းတပွင့်ဖြစ်ခဲ့မယ်ဆိုရင်
ထိုက်တန်တဲ့သူဘဲ
ပန်ဆင်ခွင့်ရတာပါ..
မထိုက်တန်လို့ဘဲ
ဆုံးရှုံးရတယ်
ငါခံယူလိုက်တယ်
တနေ့ အဖြူစင်ဆုံး
ပြုံးပြဖို့ ငါကြိုပြင်ဆင်ထားမယ်
ခံနိုင်ရည်ထက်ပိုတဲ့
တနေ့တော့ ကိုယ်ပြိုမယ်
ဘ၀မှာ ကိုယ်ပေးသလောက်တော့
တန်ပြန်လိုချင်ခဲ့ဖူးတယ်
အသွားအပြန်မလာတဲ့ ရူးနှမ်းမှုဟာ
မေတ္တာချစ်ခြင်းတဲ့
ဘယ်သူ့ကိုမှ မပြောပြချင်လောက်အောင်
တိတ်ဆိတ်သွားခဲ့တယ်
အချစ်ဟာ နင်ထားရစ်တဲ့
ကမ်းခြေကခြေရာများဘဲ
နောက်ဆိုရင် နောက်ဆိုရင်
မှီနိုင်မယ့်အကိုင်းမှာဘဲ
နားတော့မယ်
နောက်ဆိုရင် အေးချမ်းစေခြင်တဲ့
အရိပ်မှာဘဲ ခိုဝင်..
နောက်ဆိုရင် နောက်ဆိုရင်
ကိုယ်တန်မယ့်ပန်းကိုဘဲ
လှမ်းတော့မယ်
နောက်ဆိုရင် နောက်ဆိုရင်
မျှော်လင့်ခြင်းကင်းတဲ့စိတ်နဲ့
အသက်ရှင်ချင်တော့တယ်
ဒါ ဒါ ဒါ ဒါ...
အဓိပ္ပါယ်မပါတဲ့ ပြဇာတ်တခုမှာ
ငါကျင်လည်ဖူးတယ်
အို မေတ္တာမဆန်တဲ့ စကားလုံးများမှာ
အကြိမ်ကြိမ်ကျရှုံးလှည့်
ခံနိုင်ရည်ထက်ပိုမယ့်
တနေ့တော့ ငါငိုမယ်
နောက်ဆိုရင် နောက်ဆိုရင်
ဟေး ဟေး ဟေး
ဟိုး
အို..ဘယ်သူ့ကိုမှ
မပြောပြချင်လောက်အောင်
တိတ်ဆိတ်သွားခဲ့တယ်
အချစ်ဟာ နင်ထားရစ်တဲ့
ကမ်းခြေကခြေရာများဘဲ
နောက်ဆိုရင် နောက်ဆိုရင်
မှီနိုင်မယ့်အကိုင်းမှာဘဲ
နားတော့မယ်
နောက်ဆိုရင် အေးချမ်းစေခြင်တဲ့
အရိပ်မှာဘဲ ခိုဝင်..
နောက်ဆိုရင် နောက်ဆိုရင်
ကိုယ်တန်မယ့်ပန်းကိုဘဲ
လှမ်းတော့မယ်
နောက်ဆိုရင် နောက်ဆိုရင်
မျှော်လင့်ခြင်းကင်းတဲ့စိတ်နဲ့
အသက်ရှင်ချင်တော့တယ်
ဒါဒါဒါဒါ
ဟေးဟေးဟေး
ဟိုး
နောက်ဆိုရင် နောက်ဆိုရင်
မှီနိုင်မယ့်အကိုင်းမှာဘဲ
နားတော့မယ်
နောက်ဆိုရင် နောက်ဆိုရင်
မျှော်လင့်ခြင်းကင်းတဲ့စိတ်နဲ့
အသက်ရှင်ပါတော့မယ်