ကျိန်စာမိုး
️ပိုင်သက်ကျော်
စကားပြော ဝလ္လာမိုးရှစ်ခွင်
လျှပ်နွယ်ယှက်သန်း
ပန်းပွင့်သည့်နှယ်
မြင်နိုင်မည်ကား
ကောင်းကင်ကငို
တိမ်ကပြိုမတတ်
မိုးသည်းရင်ဖြင့်
ရင်တွင်းရှိုက်ငို၅
လွမ်းစေသားဟု
ချစ်သူ့ကျိန်စာ
ထားခဲ့လေသလား
မိုးဝဿန်ရယ်
INTRO MUSIC
ဒီရင်မှဝေးရာပြေးသူ ဘယ်များရောက်လို့နေ
သူ့ကိုမှအစွဲလမ်းကြီးစွာ နေ့တိုင်းတမ်းတနေ
မကြင်နာလို့စိမ်းသူ့ကို ထာဝရခွင့်လွှတ်မယ်
သူ့ကိုမှမုန်းလို့မရနိုင်
ရင်ထဲလွမ်းလို့ မပြေ
လွမ်းသူ့မျက်ရည်ပုလဲတွေ
မိုးများနဲ့အတူသွန်းရွာနေ
အခုတော့တစ်ယောက်တည်းလွမ်းကျန်
ကျိန်စာသင့်ခဲ့လေသလားမိုးရယ်
ထီးလည်းမပါမိုးသည်းထဲငို
ဝါဆိုအလွမ်းစိတ်ဖြေမိုးရယ်
ရွာသွန်းဖြိုးတဲ့အခါ
နှောင်းလေသမျှမပြောင်းတဲ့အတိတ်ကို
ခံစားလွမ်းမိတယ်
ကာရံအလှတေးသီမိတယ်
ချစ်သောမိုးမျက်ရည်
အသည်းရင်ထဲတလှိုက်လှိုက်ရှိုက်ဖို
ရွာသောမိုးနဲ့အတူ
မှိုင်းညို့ရိပ်ဆင်မိုးရယ်
တို့ရဲ့ချစ်သူကိုတွေ့လျှင်လေ
ပြောပေးပါလားမိုးရယ်
ပြန်လာခဲ့ဖို့ကူပြောပေးပါ
မိုးထဲမှာအမြဲတမ်းစောင့်လျှက်ပါ
SOLO MUSIC
ဒီရင်မှဝေးရာပြေးသူ ဘယ်များရောက်လို့နေ
သူ့ကိုမှအစွဲအလမ်းကြီးစွာနေ့တိုင်းတမ်းတနေ
မကြင်နာလို့စိမ်းသူသူ့ကို
ထာဝရခွင့်လွှတ်မယ်
သူ့ကိုမှမုန်းလို့မရနိုင်
ရင်ထဲလွမ်းလို့ မပြေ
လွမ်းသူ့မျက်ရည်ပုလဲတွေ
မိုးများနဲ့အတူသွန်းရွာနေ
အခုတော့တစ်ယောက်တည်းလွမ်းကျန်
ကျိန်စာသင့်ခဲ့လေသလားမိုးရယ်
ထီးလည်းမပါမိုးသည်းထဲငို
ဝါဆိုအလွမ်းစိတ်ဖြေမိုးရယ်
ရွာသွန်းဖြိုးတဲ့အခါ
နှောင်းလေသမျှမပြောင်းတဲ့အတိတ်ကို
ခံစားလွမ်းမိတယ်
ကာရံအလှတေးသီမိတယ်
ချစ်သောမိုးမျက်ရည်
အသည်းရင်ထဲတလှိုက်လှိုက်ရှိုက်ဖို
ရွာသောမိုးနဲ့အတူ
ဝေးခဲ့ရပြီမိုးရယ်
ဝေးခဲ့ရပြီမိုးဝဿန်ရယ်
ပြောပေးပါလားမိုးရယ်
ပြန်လာခဲ့ဖို့ကူပြောပေးပါ
မိုးထဲမှာအမြဲတမ်းစောင့်လျှက်ပါ
ထီးလည်းမပါမိုးသည်းထဲင်ို
မိုးထဲမှာအမြဲတမ်းစောင့်လျှက်ပါ