တွေးလို့မျှော် အနာဂါတ်ဆီ
ရည်ရွယ်ချက်အတွက်
သမုဒယစွန့်ခွာချိန်
ချစ်ဖူးသမျှရူးရတော့မယ်
သိပ်ချစ်လို့ဝေးကြပြီလား
နေခဲ့တော့နော် ကျေးလက်တောသူ
အလင်းနုတွေခြုံလွှမ်းလာ
နေခြည်နမ်းလို့ ပန်းတို့ပွင့်ဝေချိန်
မလျှောက်သေးလို့
မရောက်တဲ့ပန်းတိုင်
တစ်နေ့သစ်လို့ သွားဖို့ဟန်ပြင်
တို့သွားတော့မယ်
ကျေးလက်တောသူ
ဒီဘဝမှာကြေစေတော့နော်
ဝဋ်ကြွေးရှိပါရင်
ရင်နာစရာအချစ်ဇာတ်လမ်းတွေ
နှလုံးသာမှာဖြစ်တဲ့သီချင်းတွေ
ကျိန်စာသင့့်ချစ်သူအလွမ်းတွေ
မင်းအနားမှာ ထားခဲ့ပါမယ်
မမေ့ဘူးစိတ်ချ
ကျေးလက်တောသူ
ချစ်တတ်သူတွေတိုင်းဟာ
ကြင်နာလျှက်နဲ့ဝေးရတဲ့အချိန်မှာ
မငိုတတ်တဲ့သောကမျက်ရည်
ပါးမို့မို့အလွမ်းမြစ်နှစ်သွယ်လို
ရင်ထဲမှတစ်ဆင့့်စီးဆင်းလျှက်ပါ
တွေးလို့မျှော် အနာဂါတ်ဆီ
ရည်ရွယ်ချက်အတွက်
သမုဒယစွန့်ခွာချိန်
ချစ်ဖူးသမျှရူးရတော့မယ်
သိပ်ချစ်လို့ဝေးကြပြီလား
နေခဲ့တော့နော် ကျေးလက်တောသူ
အလင်းနုတွေခြုံလွှမ်းလာ
နေခြည်နမ်းလို့ ပန်းတို့ပွင့်ဝေချိန်
မလျှောက်သေးလို့
မရောက်တဲ့ပန်းတိုင်
တစ်နေ့သစ်လို့ သွားဖို့ဟန်ပြင်
တို့သွားတော့မယ်
ကျေးလက်တောသူ
ဒီဘဝမှာကြေစေတော့နော်
ဝဋ်ကြွေးရှိပါရင်
ရင်နာစရာအချစ်ဇာတ်လမ်းတွေ
နှလုံးသာမှာဖြစ်တဲ့သီချင်းတွေ
ကျိန်စာသင့်ချစ်သူအလွမ်းတွေ
မင်းအနားမှာ ထားခဲ့ပါမယ်
မမေ့ဘူးစိတ်ချ
ကျေးလက်တောသူ
တစ်နေ့နေ့မှာ ပြန်ခဲ့မယ်
ဘယ်နေ့လဲလို့
မမေးနဲ့ချစ်သူရယ်
အချစ်များကိုသိမ်းဆည်းထားပါ
စိတ်ချလို့မင်းစောင့်နေပါ
မငိုနဲ့တိတ်တော့
ကျေးလက်တောသူ