သီချင်း : ငှက်
တေးဆို : G Fatt
တောင်တန်းတွေပေါ်မှာရှိတဲ့
တိမ်တိုက်ရဲ့အရိပ်လိုမျိုး
ငါအချစ်က နင်အဝေးကကြည့်မှ
တွေနိုင်လို...
မုန်းတိုင်းတွေထန်
လေတွေကြမ်းလည်း
အတူတူ တစ်ကိုင်းတည်းနားမယ်ဆို
အခုကြတော့
ဒီစကားများဘယ်သူအတွက် ဖြစ်နေတုန်း
G Fatt ရယ်လို့မအောင်မြင်ခင်
ကာလတစ်ခုက
ကျောင်းနဲ့အိမ် အိမ်နဲ့ကျောင်း
ဘဝက ဘာမှမထူးခြား
ငါကအရူးပါ တစ်ခါဖူးစာရှင်
မိန်းကလေးကြောင့်
ဘဝပြာကျဖူးတာ
နင်လဲငါ့လို လွမ်းနေမှာပဲမဟုတ်လား
မညာရဘူးကွာ
ရန်ဖြစ်တိုင်း လမ်းခွဲမယ်ပြောလို့
သူကြေကွဲပြန်တော့
ကျွန်တော်ပဲ မနေနိူင်မထိုင်နိုင်
အသေအလဲပြန်ချော့
ခေါင်းကိုရေရွဲမခံသောသူကို
မိုးရေအတင်းချိုခိုင်းပြီး
လမ်းမှာတွေသမျှဗွက်အိုက်တွေ
ခြေနဲ့ကန်ဆော့ သေချာတယ်
နောက်နေ့ဆိုသူဖျားတော့တာပဲ
သူဖျားတဲ့အကြောင်းသူမိဘတွေကိုလည်း
ငါသွားမပြောပြရဲ
နှာစေချောင်းကလွဲလို့ မရှိပါ
တခြားရောဂါလည်း
ဒီသီချင်းကို စပ်မိတော့
လက်ရှိငါချစ်သူကိုအားတော့နာရဲ့
အတောင် အလက်တွေစုံလာတော့
ဒီရင်ဘက် နင်ကန်ထွက်သွားခဲ့ဦး
ငါဟာဝမ်းနည်းလွန်းလည်း
အားတင်းပြီးတော့ပြုံး
ဟိုအဝေးဆုံးကိုမြင်ဖို့
အမြင့်ဆုံးပျံသွားတဲ့ အချစ်ဆုံး
နင်အိမ်တန်းတက်မယ်နေ့
အခုထိစောင့်နေတုန်း
ငါတို့ ငှက်တွေလို ၀ိုး....အို
ငါတို့ငှက်တွေလို ..
ငါတို့ငှက်တွေလို ၀ိုး...အို
ငါတို့ငှက်တွေလို ၀ိုး..အိုး..၀ိုး..
ဒီသီချငး်ကိုသုံးမိနစ်လောက်
အချိန်ပေးပြီးနင်နားဆင်လှည့်ပါ
အရင်ကနင်သွားချင်တဲ့နေရာတွေကို
လိုက်ပိုဖို့ ငါမှာ အားအင်းနည်းပါး
အလုပ်တွေပိပြီး အိပ်မပျော်စားမဝင်တဲ့ဘဝ
ကျွန်မချစ်သူက ပညာတတ်ဆိုပြီး
နင်ကြွားခြင်ခဲ့မှာ ငါသိတယ်
ဒါပေမဲ့ ဒီဂီတက
ငါအတွက် ဘုရားစင်ပဲကွာ
အနုပညာရှင်တော်တော်များများက
အောင်မြင်လာရင်ခြေရှုပ်တက်လို့တဲ့
ကျွန်တော်ကျော်ကြားသွားမှာ
စိုးရိမ်မိတယ်တဲ့
စော်စော်ကားကားကွာ
ငါမက်တာဂုဏ်တွေငွေတွေ
မော်တော်ကားများမပါ
လက်ခုပ်သံတွေနဲ့
ပျော်ပျော်ပါးပါးဘဝ
ငါ့နာမည်ပါတဲ့ show board တွေမြင်ရင်
နင်လွမ်းနေမလားဆိုတဲ့
စိတ်နဲ့ မိုးချုပ်နေဝင်
အိုးပုတ်ချိိုးရှုပ်တွေနှင့်
ဆော့ကစားခဲ့တုန်းကပေးခဲ့တဲ့
ကတိအတိုင်း တစ်သက်လုံး
အပျိုကြီးလုပ် အရိုးထုတ်စေချင်
တောင်တန်းတွေပေါ်မှာရှိတဲ့
တိမ်တိုက်ရဲ့အရိပ်လိုမျိုး
ငါအချစ်က နင်အဝေးကကြည့်မှတွေနိုင်လို...
မုန်းတိုင်းတွေထန်
လေတွေကြမ်းလည်း
အတူတူ တစ်ကိုင်းတည်းနားမယ်ဆို
အခုကျတော့
ဒီစကားများဘယ်သူအတွက်
ဖြစ်နေတုန်း.....
အတောင် အလက်တို့စုံလာတော့
ဒီရင်ဘက် နင်ကန်ထွက်သွားခဲ့ဦး
ငါဟာဝမ်းနည်းလွန်းလည်း
အားတင်းပြီးတော့ပြုံး...
ဟိုအဝေးဆုံးမြင်ဖို့
အမြင့်ဆုံးပျံသွားတဲ့ အချစ်ဆုံး
နင်အိမ်တန်းတက်မယ်နေ့
အခုထိစောင့်နေတုန်း
ငါတို့ ငှက်တွေလို ၀ိုး....အို
ငါတို့ငှက်တွေလို ..
ငါတို့ငှက်တွေလို ၀ိုး...အို
ငါတို့ငှက်တွေလို ၀ိုး..အိုး..၀ိုး..
မင်း ငါရဲ့မျက်ကွယ်နေရာလဲ
ဘယ်တော့ မှရှောင်မပြေးစေဖို့
မင်းဘေးမှာ ကပ်တွယ်နေမှာပဲ
မင်းချစ်တဲ့ကြောင်လေးတွေလို
ငါရဲ့နောက်ကွယ်နေရာလဲ ဘယ်တော့မှ
မရှောင်ပြေးစေဖို့မင်း
ဘေးနားကပ်တွယ်နေမှာပဲ
မင်းချစ်တဲ့ကြောင်လေးတွေလို
မင်းကိုကျော့ပိုးပျံသန်းကာ
ဒိုးမယ့်သိန်းငှက်ကြီးသဖွယ်
ဟိုကောင်းကင်ထက်
တိမ်ကြားကိုသွားမယ်လို
ငါမလိမ့်တပတ်ရွှီးတယ်
တစ်ယောက်တည်းစိတ်ကူးယဉ်မိ
နင်မရှိတော့ဘူး
ဒီအိပ်မက်ခရီးထဲ့
ပြန်ခဲ့ပါတော် အချစ်ဆုံးရယ်
ငါတို့တတွေအရင်လို
စက်ဘီးပတ်စီးမယ်
ငါတို့ ငှက်တွေလို ၀ိုး....အို
ငါတို့ငှက်တွေလို ..
ငါတို့ငှက်တွေလို ၀ိုး...အို
ငါတို့ငှက်တွေလို ၀ိုး..အိုး..၀ိုး..