menu-iconlogo
huatong
huatong
avatar

အကယ်၍လက်ထပ်ခဲ့ကြရင်

G Fatthuatong
Davit_Winchastarhuatong
가사
기록
အကယ်၍လက်ထပ်ခဲ့ကြရင်

ခင်မင်သဘောကောင်းလွန်းတဲ့ကျွန်တော်နဲ့

ဖော်ရွေရိုးသားလွန်းတဲ့သူမ

ဟိုစဉ်စစခင်တဲ့နေ့က

ကော်ဖီဆိုင်လေးရဲ့ထောင့်စွန်းဝိုင်းမှာ

သီချင်းလေးများအကြောင်းပြောရင်း

ရုပ်ရှင်ဇာတ်လမ်းလေးများထဲမျောရင်း

စကားတွေဖောင်ဖွဲ့ကာ

ပတ်ဝန်းကျင်တောင်မေ့နေတာ

သူ့အပြုံးများကသံလိုက်တခုလိုပါ

နောက်တစ်နေ့ နောက်တစ်ရက်ရောက်ရင်

တယ်လီဖုန်းလေးခဏခဏပြောချင်

အိပ်ပီလား နေကောင်းရဲ့လား

အပြင်သွားနေလား

အဲ့လိုအရေမရအဖတ်မရလေးတွေက

သံယောဇဉ်တစ်ရိပ်ရိပ်နဲ့တိုးရင်း

ကျွန်တော်သူ့စိတ်နဲ့မိုးလင်း

ဖွင့်ပြောစရာမလိုလည်းသူသိနေတာတဲ့

တကယ့်ကိုအချိန်တိုတိုလေးအတွင်း

ဒဏ္ဏာရီထဲက သိပ်ချစ်ကြတဲ့

ဖူးးးစာရှင်တွေဝင်စားသလား

သံသရာဘဝတိုင်းအဆက်ဆက်

နီးစပ်ဖို့အတွက်သစ္စာတွေဘာတွေဆိုခဲ့သလား

အံ့သြဖို့ကောင်းလိုက်တာဗျာ……

ကံတရားကတွန်းပို့လိုက်တာလား

ကမ္ဘာမှာမင်းဟာကံအကောင်းဆုံး လူသားလို့

မင်းသူငယ်ချင်းတွေကိုပတ်ကြွား

ရွှေငွေစည်းစိမ်းတွေထက်

တန်ဖိုးကြီးမြတ်တဲ့

မေတ္တာတရားကိုရလိုက်တာ

တစ်ဘဝလုံးငြိမ်းချမ်းဖို့ပါကွာ

သေတဲ့ထိမင်းဘေးနားမှာ..ငါ

နေခွင့်ပြုပါ

Onn .ငါမင်းအတွက် ကံကောင်းစေတဲ့

မင်းတို့ ဘုံကျောင်းက နဂါးလိုပါပဲ

ငါတို့ အိမ်ထောင်စုစာရင်းထဲ

မင်း ပါးပါးနဲ့မားမား ကိုပါထည့်

အဲ့လိုပြောတော့ ကျွန်တော့်ချစ်သူက

ကိုG-Fattတို့ တအားပိုတာတဲ့

ဟုတ်တယ်

ကျွန်တော်က အသားညိုပါတယ်

လိုချင်တာ ခင်ဗျားကိုပါပဲ

ယူပီးရင်ငါ့အချစ်ဆုံးရာ

ဟိုတုန်းကထက်လိမ္မာမယ်

နယ်ရှိုးတွေသွားတဲ့အခါ

တူလေးများနဲ့နင်အိမ်မှာနေ

စိတ်မချရင် အချိန်အခါမရွေး

ပြောခိုင်းကွာကျိန်စာတွေ

ငါမလိမ်ညာကြေး ရိုးသားတာမှန်ရင်

နင်ဒီထက်ပိုပိန်ပါစေ

သူမဟုတ်တာပြောခံရရင်

လေသံမာမာရှင်းတဲ့သူပါ

ပြန်တည့်ရင်သဘောကောင်းချက်ကတော့

ဝေသန္တရာမင်းနဲ့တူတာ

အဲ့လိုစိတ်တွေကြောင့်

မိတ်ဆွေတူတွေက

မြှောက်ကာပင့်ကာပေါင်း

တကယ်တမ်းသူ့အနားမှာရှိတဲ့

သူငယ်ချင်းတွေကလွဲရင်

တစ်ယောက်မှအကျင့်ကမကောင်း

ကဲ ထားပါတော့ ဟေ့

အသည်းယားတာပေါ့

ပဲများတာလျှော့

မင်္ဂလာပွဲကျမှမင်းခေါင်းပေါ်

ပန်းတွေကြဲချမှာနော်

အဆင့်အတန်းတွေမညီမျှမှု

ခဏဘေးကာမသေခင်

ဒီဘဝတစ်ခုစာလေးမှာ

မင်းနဲ့အတူငါတည်ဆောက်ချင်တာ

မိသားစုကမ္ဘာလေးပါ

ဒဏ္ဏာရီထဲက သိပ်ချစ်ကြတဲ့

ဖူးစာရှင်တွေဝင်စားသလား

သံသရာဘဝတိုင်းအဆက်ဆက်

နီးစပ်ဖို့အတွက်သစ္စာတွေဘာတွေဆိုခဲ့သလား

အံ့သြဖို့ကောင်းလိုက်တာဗျာ

ကံတရားကတွန်းပို့လိုက်တာလား

ကမ္ဘာမှာမင်းဟာကံအကောင်းဆုံးလူသားလို့

မင်းသူငယ်ချင်းတွေကိုပတ်ကြွား

ရွှေငွေစည်းစိမ်းတွေထက်

တန်ဖိုးကြီးမြတ်တဲ့

မေတ္တာတရားကိုရလိုက်တာ

တစ်ဘဝလုံးငြိမ်းချမ်းဖို့ပါကွာ

သေတဲ့ထိမင်းဘေးနားမှာ..ငါ

နေခွင့်ပြုပါ

G Fatt의 다른 작품

모두 보기logo