သီချင်း - ငါ့အပြစ်နဲ့ငါ
တေးဆို - Idiots
မတွေးတတ်ဘူး
ဘယ်လိုပြောရမလဲ
အရင်လိုနီးစပ်ဖို့မှမဟုတ်တာ
ဝေးသွားရမယ့်အကြောင်းတွေ
မင်းနဲ့တို့
ပြေလည်တဲ့အတိုင်းအတာရောက်မှ
ငါတို့ရူးသွပ်ခဲ့တဲ့အဖြစ်တွေ
လက်လွှတ်ဖို့အတွက်ပြောင်းနေ
လမ်းခွဲရမယ့်အနမ်းတွေ ငါ့အတွက်
ခံနိုင်စွမ်းလုံးဝမရှိလို့
တိတ်ဆိတ်ခြင်းနဲ့မင်းရဲ့အနားက
ငါလေအဝေးဆုံးကို
ထွက်သွားပါရစေ
ပြောဖို့စကားလုံးတွေ
နာကျင်မှာစိုးလို့
တစ်ယောက်တည်း ဒီရင်မှာ
ငါသိမ်းထားတာ
မင်းလေးမသိနိုင်အောင်
ဟန်ဆောင်နေရလို့
နေ့တိုင်း အချိန်တွေတိုင်း
ကြေကွဲလည်း
ဒါ ငါ့အပြစ်နဲ့ငါ
ဟိုးတုန်းက အဆင်မပြေတဲ့အခိုက်မှာ
ငါမှားယွင်းခဲ့တဲ့ အပြစ်တွေ
ခွင့်လွှတ်ပေးခဲ့အုံးလေ
ဆက်ချစ်ဖို့ အခြေအနေမပေးတော့လည်း
ငါမင်းရဲ့အဝေးဆုံးက
သတိရဖို့ကို ဆုတောင်းဆဲ
ပေးထားခဲ့တဲ့ကတိတွေပျက်ကာ
အရာရာငါ့ဘက်ကမှားခဲ့
မင်းအတွက်တစ်စက်မှမကောင်းတဲ့ငါ့ကို
တန်ပြန်မုန်းပစ်လို့
နင်မေ့လိုက်ပါ
ပြောဖို့စကားလုံးတွေ
နာကျင်မှာစိုးလို့
တစ်ယောက်တည်း ဒီရင်မှာ
ငါသိမ်းထားတာ
မင်းလေးမသိနိုင်အောင်
ဟန်ဆောင်နေရလို့
နေ့တိုင်း အချိန်တွေတိုင်း
ကြေကွဲလည်း
ဒါ ငါ့အပြစ်နဲ့ငါ……..
ဒါ ငါ့အပြစ်နဲ့ငါ….
လမ်းခွဲရမယ့်အနမ်းတွေငါ့အတွက်
ရင်ဆိုင်နိုင်စွမ်းလုံးဝမရှိလို့
သွေးပျက်ခြင်းနဲ့မင်းရဲ့အနားက
ငါလေအဝေးဆုံးကို
ထွက်သွားပါရစေ
ပြောဖို့စကားလုံးတွေ
နာကျင်မှာစိုးလို့
တစ်ယောက်တည်း ဒီရင်မှာ
ငါသိမ်းထားတာ
မင်းလေးမသိနိုင်အောင်
ဟန်ဆောင်နေရလို့…
နေ့တိုင်း အချိန်တွေတိုင်း
ကြေကွဲလည်း
ဒါ ငါ့အပြစ်နဲ့ငါ……..
ငါ့အပြစ်နဲ့ငါ….
ဒါ ငါ့အပြစ်နဲ့ငါ……..
ငါ့အပြစ်နဲ့ငါ….
ဒါ ငါ့အပြစ်နဲ့ငါ……..